မြန်မာနိုင်ငံတွင် ငလျင်ကြောင့် စစ်ကောင်စီမှခရီးသွား ဗီဇာယာယီရပ်နားထား
…………………………………………….

ခမ်းသားငေါဝ်း
ဧပြီ ၈၊ ၂၀၂၅

https://www.facebook.com/share/p/1GBJHstebF/

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၌ ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ခရီးသွားဗီဇာ ကို ဧပြီလ ၃ ရက်နေ့မှစ၍ ယာယီရပ်နားထားကြောင်း စစ်ကောင်စီ၏လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင်ကြေညာထားသည်။

ကြေညာချက်တွင် မကြာသေးမီက ငလျင်လှုပ်ခတ်မှုကြောင့် ခရီးသွားဗီဇာလျှောက်လွှာများကို ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်နေ့မှ စတင်၍ ယာယီဆိုင်းငံ့ထားကြောင်း သင့်အားအသိပေးအပ်ကြောင့် ရေးသားဖော်ပြထားသည်။

ထို့ပြင် နောက်ထပ်ကြေငြာချက်တွင် Business Visa လျှောက်လွှာများကို ပုံမှန်အတိုင်း ဆက်လက်လက်ခံမည်ဖြစ်ကြောင်းနှင့် ခရီးသွားဗီဇာကို ယာယီရပ်ဆိုင်းခြင်းအပေါ် နားလည်ပေးဖို့ တောင်းဆိုထားပြီး အဆင်မပြေမှုတွေအတွက်လည်း တောင်းပန်ထားသည်။

ခရိးသွား အလည်အပတ်ဗီဇာကို ရက်အတိအကျဖြင့် ဘယ်အချိန် ပြန်ဖွင့်ပေးမည့် ဆိုသည့် အချက်အလက်များကို မဖော်ပြထားဘဲ နောက်ထပ် ထုတ်ပြန်ချက်ကြေညာမည်ဖြစ်ကြောင်းနှင့် ဗီဇာ လျှောက်လွှာအမျိုးမျိုးကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် သွားရောက်လေ့လာနိုင်သည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#သဘာဝဘေး
#ခရီးသွားဗီဇာ
#ယာယီရပ်နားထား
#စစ်ကောင်စီ၏လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7