အင်းအားပြင်းငလျင်ကြောင့် ပေါင်းလောင်းရှိ လိန်းလီကြိုးတံတား အနည်းငယ်တိမ်းစောင်းသွား
………………………………………

ခမ်းသားငေါဝ်း
ဧပြီ ၈၊ ၂၀၂၅

https://www.facebook.com/share/p/1A3HhTyzTh/

ပြီးခဲ့သည့် မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်သောအင်အားပြင်းငလျင်ကြောင့် ပေါင်းလောင်းမြို့ရှိ လိန်းလိီကြိုးတံတား အနည်းငယ်တိမ်းစောင်းသွားပြီး ကုန်ကားများအတွက်စိုးရိမ်ရကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ရှိ ၊လိန်းလီကြိုးတံတားသည် အင်းအားပြင်းငလျင်ကြောင့် အနည်းငယ်တိမ်းစောင်းသွားပြီး ကုန်ကားများသွားလာပါက စိုးရိမ်ရသည်။

“ခုဖြတ်သွားလာတာတော့ ရတယ်။ ကား၊ ဆိုင်ကယ်ဖြတ်တာတော့ သိပ်မကြောက်ရဘူး။ ကုန်တင်ကားအကြီး ဖြတ်ရင်တော့ ကြောက်ရတယ်။ စိုးရိမ်ရတဲ့အနေအထားရှိတယ်။ တာဝန်ရှိသူတွေ လာစစ်ဆေးတာတွေ ပြုလုပ်တယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လိန်းလီ ကြိုးတံတားကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ကာ တံတားကို သံမဏိ သံဘောင် ကြိုးတံတား အမျိုးအစား ဖြစ်ပြီး တံတားအကျယ် (၂၈) ပေနှင့် အရှည် (၁၇၆၀) ပေ ရှည်လျားကြောင်းသိရသည်။

မတ်လ၂၈ ရက်နေ့တွင် အင်းအားပြင်းငလျင်ကြောင်း ပေါင်းလောင်းဒေသတွင် ဘုန်းကြီးကျောင်းအက်သွားခြင်းနှင့် လူနေအိမ် ၂၀ ကျော်လည်း ပြိုကျသွားကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#ပေါင်းလောင်းမြို့
#လိန်းလီကြိုးတံတား
#အင်းအားပြင်းငလျင်
#အနည်းငယ်တိမ်းစောင်းသွား
#ကုန်ကားများသွားလာပါကစိုးရိမ်ရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7