အင်းလေးတွင် ငလျင်ဒဏ်ခံစားနေရချိန် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်နေ
………………………….
ခမ်းသားငေါဝ်း
ဧပြီ ၆ ၊၂၀၂၅
https://www.facebook.com/share/p/1FZzio1aB9/
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းတောင်ပိုင်း ရေပူကျေးရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ဒရုန်းစသည်တို့နှင့် ပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။
မတ်လ ၅ ရက်နေ့ နံနက် (၆)နာရီ ဝန်းကျင် အချိန်မှ ညနေ (၅)နာရီခွဲ အချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေပူကျေးရွာသို့ ဗုံးအလုံးရေ (၃၀) ကျော် ကြဲချခဲ့သောကြောင့် ရေပူကျေးရွာ စစ်ရှောင်မျာမှ ထပ်မံစစ်ဘေးရှောင်နေရကြောင်း ဒေသခံများကပြောသည်။
“မနေ့ကဆို တစ်နေ့လုံးနီးပါးပဲ လက်နက်ကြီးနဲ့ ထုနေတာ။ စစ်ဘေးကလဲ ထပ်ရှောင်ရတယ်။ငလျင်ဘေးကြောင့်လဲ ဒုက္ခရောက်နေရတာကို အခုလို ဗုံးတွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တော့ အဆင်မပြေဘူး။ ပြည်သူတွေပဲ ခံနေရတာ ကိုယ်ချင်းစာစေချင်တယ်။” ဟု ဒေသခံ အမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ဒေသခံများ စိတ်သောက ရောက်နေချိန် လက်နက်ကြီးများဖြင့် မတိုက်ခိုက်ရန်နှင့် အင်းလေးပြည်သူများသည် ငလျင်ဒဏ် စစ်ဒဏ်နှင့်အတူ စိတ်ဒဏ်ရာ ရနေကြကြောင်း အင်းလေးလူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အင်လေး လူငယ် အမျိုးသမီး တစ်ဦး က“ကလေးရော လူကြီးရော အကုန်လုံးက စိတ်ဒဏ်ရာတွေ ရနေကြတယ်။ လက်နက်ကြီးသံကြားရင်လည်း စားလက်စ ထမင်း၊ လုပ်လက်စ အလုပ်တွေကို ပစ်ပြီး ပြေးပုန်းနေကြတယ်။ ငလျင်ဒဏ်လည်း ခံစားထားရတော့ တိုက်တွေ နေအိမ်ပေါ်တွေဆို သူတို့မနေရဲတော့ဘူး။ ငလျင်လှုပ်တယ်ပဲ စိတ်ကထင်နေတာ။ သူတို့ စိတ်ဒဏ်ရာတွေ ထပ်ဆင့်နေချိန် စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်တို့အနေနဲ့ ပြည်သူပစ်မှတ်ထား မတိုက်ခိုက်တော့ဖို့ တောင်းဆိုချင်ပါတယ်။” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ (၃၀)ရက်တွေလည်းစစ်ကောင်စီက လက်နက်ကြီး ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်သေဆုံးပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။
နိုင်ငံတဝှမ်း ငလျင်ဒဏ်ကြုံနေရချိန် စစ်ကောင်စီနှင့် လက်နက်ကိုင်များ နှစ်ဖက်လုံး အပစ်ခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီဖက်မှ ရှမ်းပြည်အပါဝင် ကရင်နီပြည်၊ စစ်ကိုင်းတိုင်းတို့ ဘက်တွင်လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ပြုလုပ်ကာ အပစ်ခတ်ရပ်စဲရေးကို စတင်ဖောက်ဖျက်ခဲ့သည်။
photo credit
#ppv008
#Humanright
#ဒရုန်းဗုံး
#ရေပူရွာ
#အင်းတောင်ပိုင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။