ခမ်းသားငေါဝ်း
မတ် ၂၇၊ ၂၀၂၅
တောင်ကြီးမြို့ပေါ်ရှိ ဘုရားဖြူရပ်ကွက်နယ်မြေ(၄) လူနေအိမ်တိုက်ခန်းခြံ ဝန်းတွင် ရပ်နားထားသည့် ဆိုင်ကယ်တစ်စီးခိုးခံရကြောင်း ဆိုင်ကယ်ပိုင်ရှင်တစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ(၄)တွင် တိုက်ခန်း ခြံဝန်းတွင်းထားထားသည့်ဆိုင်ကယ်တစ်ဦးသည် မတ်လ (၂၅)ရက်နေ့ နေ့လယ် ၂ နာရီခွဲမှ ၃ နာရီဝန်းကျင် အတွင်းဆိုင်ကယ်တစ်စီးခိုးခံရသည်။
“ညီမတို့ကစစ်ရှောင်လေ ဘုရားဖြူနားဌားနေတာ ခြံထဲမှာ ဆိုင်ကယ်ထားထားတာကို ခိုးသွားတာပေါ့နော်”ဟု ဆိုင်ကယ်ပျောက်သူ တစ်ဦးမှပြောသည်။
၎င်းသည် တောင်ကြီးမြို့သို့ စစ်ဘေးရှောင်လာသည့်မှာ တစ်လခန့်တောင်မရှိသေး၍ အိမ်ဌားရှာရာတွင်ခက်ခဲရှိခဲ့ကြောင်းနှင့် ၎င်းတိုက်ခန်းတွင် ဆိုင်ကယ်ထားစရာ နေရာမရှိသာ်လည်း ဌားလိုက်ရကြောင်း၊ တိုက်ခန်းဖြစ်သည့်အတွက် ခြံဝန်းကိုညမှ သော့ခတ်ကြောင်း၎င်း ဆက်ပြောသည်။
“ဒီတိုက်ထဲမှာတော့မပျောက်ဘူးလို့ပြောကြတာဘဲ ဆိုင်ကယ်လေးငါးစီးရပ်ထားတာတောင်ကိုယ်ဘီးဘဲပါသွားတာ၊ ကိုယ်လည်း အိမ်ဌားလုံးဝရှာတာမတွေ့လို့ ဌားလိုက်ရတာပေါ့ အမေကတော့ ရောက်ကတည်းကမနေချင်ဘူး တစ်လဘဲစာချုပ်ပေးချုပ်ပါဆို ကျွန်မ တို့အိမ်ပြန်ရှာမယ်ဆိုပြီး သုံးလအတင်းချုပ်သွားတယ်”ဟု ဆိုင်ကယ်ပျောက်သူ မှဆက်ပြောသည်။
စစ်ဘေးရှောင်များသည် တောင်ကြီးမြို့ပေါ်၌ အိမ်ဌား ရှာရန်ခက်ခဲကြောင်းနှင့် အလုပ်အကိုင်ရှားပါးပြီး တစ်ဘက်တွင်လည်း အိမ်ငှါးရမ်းခစျေးနှုန်းသည် လေးဆနီးပါးအထိ မြင့်တက်လာသဖြင့် အိမ်ငှါးနေရသည့်စစ်ဘေးဒုက္ခသည်များ အခက်အခဲဖြစ်နေကြောင်းသိရသည်။
PPV0013
ပုံ-Cj
#မှုခင်း
#တောင်ကြီးမြို့
#ဘုရားဖြူရပ်ကွက်
#တိုက်ခန်းခြံဝန်းတွင်း
#ဆိုင်ကယ်ခိုးခံရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။