ခမ်းသားငေါဝ်း
မတ် ၂၇၊ ၂၀၂၅
သပြေကုန်းရွာအုပ်စုရှိ အတင်းအဓမ္မ စစ်စုဆောင်းခြင်းခံရပြီး အခြေခံစစ်သင်တန်းတက်ပြီးသူများကို PNO ပြည်သူ့စစ်က ရှေ့တန်းတွင်ကင်းစောင့်ခိုင်းသဖြင့် ဒေသခံများကလုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း မတ်လ(၂၇)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ပုံ့မူကျေးရွာအုပ်စု သပြေကုန်းကျေးရွာတွင် စစ်အင်အား(၈၀၀)ကျော်ဖြင့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် PNO ပြည်သူ့စစ်က အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် ၎င်းသင်တန်းသားများအား ရှေ့တန်းပို့ ကင်းစောင့်ခိုင်းနေသည်။
“PNO လူကြီးတွေကရွာကိုလာပြီး စစ်သင်တန်းတက်ပြီးသားလူတွေကို မဲနိုက်ခိုင်းတယ် အဖွဲ့တွေခွဲဖို့ပေါ့ တစ်ဖွဲ့(၅)ယောက်စီ၊ နံပါတ်(၁)ရတဲ့သူတွေကတော့ ထီရီးဘက်မှာကင်းသွားစောင့်ပေးရတယ်၊ ရွာသေးရင်တော့ခနခနသွားရတယ် ရွာကြီးရင်ကြာကြာမှတစ်ခါ ကိုယ့်အလှည့်ရောက်တယ်” ဟု ရှေ့တန်းတွင်ကင်းသွားစောင့်ရမည့် ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ထီရီးကျေးရွာဘက်တွင် ကင်းသွားစောင့်ရန် တစ်ပတ်ကို (၁၀)ရက်သတ်မှတ်ထားပြီး တစ်ကြိမ်လျင် တစ်ရွာ(၅)ယောက်နှုန်းဖြင့် နှစ်ရွာတစ်လှည့်စီ သွားစောင့်ပေးရကြောင်း သိရသည်။
“သူတို့ပြောတာကတော့ အနောက်တန်းမှာပဲစောင့်ပေးရမာပါတဲ့ စစ်တပ်တွေကတော့ တော်လှန်ရေးသမားနဲ့ ပိုနီးတဲ့နေရာစောင့်ပေးအလိုမျိုးပေါ့ အနောက်တန်းလို့သာပြောတာ ရှေ့တန်းနဲ့တူတူပါပဲ သူများလာပစ်ရင်ကိုယ်လည်းခုခံပစ်ရမာပဲလေ အဲ့ကြောင့်မို အမြဲတမ်းသတိနဲ့နေရလိမ့်မယ် ကိုယ့်လုံခြုံရေးအတွက်လည်း စိုးရိမ်ရတယ်” ဟု၎င်းကဆက်ပြောသည်။
စံကားဒေသတောင်ဘက်ရှိ ထီခိုးကျေးရွာဘက်တွင် စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတပ်ဖွဲ့များကြား စစ်ရေးတင်မာနေဆဲဖြစ်သဖြင့် အချိန်မရွေးတိုက်ပွဲ ထပ်မံဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများကဆိုကြသည်။
ပအိုဝ်းဒေသတွင် PNO ပြည်သူ့စစ်က ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ ဒေသခံများကို အခြေခံစစ်သင်တန်းတက်ခိုင်းပြီး သင်တန်းဆင်းသူများကိုလည်း မကြာခဏ စစ်မြေပြင်သို့ ပို့ဆောင်မှုများလည်းပြုလုပ်လျက်ရှိကြောင်းသိရသည်။
#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#ပုံ့မူကျေးရွာအုပ်စု
#သပြေကုန်းကျေးရွာ
#PNO
#ပြည်သူ့စစ်က
#အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်
#ရှေ့တန်းပို့ကင်းစောင့်ခိုင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7