ခမ်းသားငေါဝ်း
မတ် ၂၇၊ ၂၀၂၅

အောင်ပန်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူသေဆုံးသွားကာ ကားသမားသည် မောင်းပြေးသွားကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အောင်ပန်း- တောင်ကြီးသွားလမ်း Happy City အဆင်းလမ်း၌ မတ်လ ၂၆ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် light truck ကား နှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာက ဆိုင်ကယ် စီးလာတဲ့နှစ်ယောက်လုံး လဲနေပြီ၊ ယာဉ်မောင်းကတော့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်၊ အနောက်ပါတဲ့တစ်ယာက်က လွင့်ထွက်သွားတော့ ဒဏ်ရာကြီးကြီးမားမားမရခဲ့ဘူး” ဟု နာရေးကူညီမှုအသင်းအာင်ပန်း တာ၀န်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကားသမားသည် မောင်းပြေးသွားပြီး အဆိုပါကားပေါ် တွင် လူအပြည့်တင်ထားသည်ဟု သိရကာ သက်ဆိုင်ရာမှ လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။

” Light truck ကားလို့ပြောတယ်၊ ဘုရားဖူးယာဉ်ပုံစံမျိုးပဲ ၊ နောက်မှာ လူအပြည့်ပါတယ်လို့သိရတယ်၊ အခင်းဖြစ်ပွားတော့ရှေ့ မှန်လည်းကွဲသွားတယ်၊ ရဲတွေကတော့ ဆက်ပြီး လိုက်‌နေပါတယ်” ဟု ၎င်း ကဆက်ပြောသည်။

သေဆုံးသွားသောဆိုင်ကယ်ယာဉ်မောင်းမှာ အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက် နယ်မြေ ၈ နေ ကိုလှကျော် ဆိုသူဖြစ်ပြီး ရုပ်ခန္ဓာအား အောင်ပန်းရင်ခွဲဆေးရုံသို့ နာရေးကူညီမှုအသင်းအောင်ပန်းမှ ကူညီပို့ဆောင်ပေးခဲ့ကြာင်းသိရသည်။

PPV 003
ပုံ-နာရေးကူညီမှာအောင်ပန်း
#မှုခင်း
#အောင်ပန်း
#ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွား
#ဆိုင်ကယ်မောင်းသူသေဆုံး
#ကားသမားမောင်းပြေး
#နာရေးကူညီမှုအသင်းအောင်ပန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7