ခမ်းသားငေါဝ်း

မတ် ၂၇၊ ၂၀၂၅

ဆီဆိုင်မြို့နယ်တွင် PNO ပြည်သူ့စစ် က စစ်သင်တန်းသားများကို ကျည်ဆံဖိုး တစ်လုံး ၁၅၀၀ တောင်းပြီး လေ့ကျင့်ခိုင်းသဖြင့် အခက်ခဲဖြစ်ကြရကြောင်း စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ဘုရားဖြူဘောလုံးကွင်းတွင် လစဉ် လူငယ်များကို PNO ပြည်သူ့စစ်က စစ်သင်တန်းပေးပြီး လက်တွေ့သေနတ် ပစ်ခတ်လေ့ကျင့်မှုတွင် ပထမပစ်ပြီး ၁၀ လုံးကို အခမဲ့ ပစ်ခွင့်ပေးပေမယ့် ၁၀ လုံးကျော်ပြီး ပစ်သူများထံကျည်ဆံတစ်လုံးကို ၁၅၀၀ ကျပ်ဖြင့် ကောက်ခံကြောင်းသိရသည်။

“၁၀ လုံးဘဲအလကားပေးပစ်တယ် အဲထက်ပိုပစ်ရင် ပိုက်ဆံပေးရတယ်။ သင်တန်းတက်ပြီးလည်း တိုက်ပွဲ ဖြစ်တဲ့နေရာသူတို့ပို့တော့ ၁၀ လုံးနဲ့ လေ့ကျင့်တာ မလုံလောက်ဘူးလေ သူတို့က လူကိုရွေးပြီး တက်ခိုင်းတာ ခုကျည်ဆံဖိုးပါကောက်တော့ အခက်ခဲဖြစ်ကြတာ။တစ်ချို့ဆို အိမ်ကို ကျည်ဆံဖိုးပြန်ပြန်တောင်းရတော့ နောက်ကမိဘတွေ အခက်ခဲ ဖြစ်ရတယ်”ဟု ဆီဆိုင်မြို့ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယင်းစစ်သင်တန်းကို လစဉ်လစဉ် ပုံမှန်ပြုလုပ်ပြီး ဆီဆိုင်မြို့နယ်ရှိ ကျေးရွာတိုင်းလူငယ်များတက်ရကာ တစ်လကို ကျေးရွာတစ်ရွာမှ လူငယ် ၁၀ ယောက် ပို့ကြရကြောင်း၄င်းကဆက်ပြောသည်။

အသက် ၁၈ မှ အသက် ၄၀ အထိ တက်ရာက်ခိုင်းခြင်းဖြစ်ပြီး သင်တန်းတစ်သုတ်ကို လူဦးရေ ၂၀၀ မှ ၃၀၀ အထိရှိကြောင်း သိရသည်။

ဆီဆိုင်မြို့တွင် စစ်ရေးလေ့ကျင့်မှုများ နေ့စဉ်နှင့်အမျှရှိလာသဖြင့် ကျေးရွာဒေသခံများက လုံခြုံရေးစိုးရိမ်နေကြပြီး လူငယ်များ သွေးကြွလာမည်ကို မြို့ခံများက စိုးရိမ်ပူပန်နေကြရသည်။

#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့
#ဘုရားဖြူဘောလုံးကွင်း
#လစဉ်လူငယ်များ
#PNO
#စစ်သင်တန်းပေး
#ကျည်ဆံဖိုးကောက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7