ခမ်းသားငေါဝ်း
မတ် ၂၁၊ ၂၀၂၅

ပင်လောင်းတွင် ခရမ်းချဉ်သီးစျေးမရှိသဖြင့် တစ်ချို့တွင် လွင့်ပစ်ရသည့်အထိဖြစ်ပြီး တစ်ချို့သည် သဘာဝမြေသြဇာအဖြစ် ပြန်လည်းအသုံးပြုကြကြောင်း ခရမ်းချဥ်စိုက်တောင်သူထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ထွက်ခရမ်းချဉ်သီးများသည် ယခုတွင် တစ်ပိဿာ ၁၅၀၊၂၀၀ ကျပ် ဝန်းကျင်သာရှိသည့်အပြင် ကျေးရွာဖက်လည်း ဝယ်ယူသူမရှိသောကြောင်း စွန့်ပစ်နေရသည်။

“ရွာအထိ လာဝယ်တဲ့ပွဲစားက မရှိဘူး။အောင်ပန်းထိ သွားရောင်းရင်လည်း ၃၀၀ ဘဲရတယ် ကားဆီဖိုး၊ခြင်းဖိုး၊ ဂိတ်တွေမှာလည်းပေးရသေးတယ်။ မကာမိဘူး။တစ်ချို့က လွင့်ပစ်ကြတယ်။ တစ်ချို့ကြ ကိုယ့်ရဲ့ခြံမှာ ကြဲပြီးမြေနဲ့ ဆွေးပြီး မြေသြဇာအဖြစ် ပြန်သုံးကြတယ်”ဟု ခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပြီးခဲ့သည့် မိုးရာသီတွင် ရာဂီမုန်တိုင်းကြောင့် ခရမ်းချဉ်သီးခင်းဧကများစွာပျက်စီးခဲ့ရပြီးနောက် ခရမ်းချဉ်သီးစျေး တစ်ပိဿာ ၆၀၀၀ ကျပ်အထိ စျေးကောင်းစွာ ရရှိခဲ့သေးကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင်ခရမ်းချဉ်သီးကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပြီးတစ်နှစ်တွင် နှစ်ကြိမ်စိုက်ပျိုးကြကြောင်း သိရသည်။

#PPV005
ဓာတ်ပုံ-အွန်လိုင်း
#စိုက်ပျိုးရေး
#ပင်လောင်း
#ခရမ်းချဉ်သီးစျေးမရှိ
#လွင့်ပစ်ရသည့်အထိဖြစ်
#သဘာဝမြေသြဇာအဖြစ်ပြန်လည်းအသုံးပြု
#ခရမ်းချဥ်စိုက်တောင်သူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed