ခမ်းသားငေါဝ်း
မတ် ၁၈၊ ၂၀၂၅
တောင်ကြီး မြို့တွင် မှတ်ပုံတင်ပြုလုပ်ရာ၌ သိန်းနှင့်ချီပေးဆောင်နေရကြောင်း မှတ်ပုံတင်သွားလုပ်သူများထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးတွင်မှတ်ပုံတင်ပျောက်ဆုံးခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးလဲလှယ်ခြင်းများအတွက် တစ်သိန်းနီးပါးမှ နှစ်သိန်းကျော် ၊ သုံးသိန်းကျော်ထိ ပေးနေရသည်၊၊
“သွားလုပ်တဲ့အချိန်က လဝကရုံးမှာသွားလုပ်တာ ၄ ရက်လောက်စောင့်ရပြီး ဆရာဝန်အသင်းရုံးမှာသွားထုပ်ရတာ လက်ဗွေဆယ်ချောင်းနှိပ်ခဲ့ရတယ် သူတို့ခေတ်ဆိုတော့လေ မှတ်ပုံတင်ရဖို့ဆိုတော့လေ တောင်းသလောက်ပေးရတယ်”ဟု တောင်ကြီးမြို့တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
တောင်ကြီးမြို့တွင်မွေးဖွားသည့်သူများ ၊ တောင်ကြီးမြို့နယ်ကျေးရွာရှိမွေးဖွားသူများ ၊နိုင်ငံခြားသို့သွားမည့်သူများ၊ မွေးရပ်မြေမဟုတ်သည့်နယ်ကျော်သူများထံ တောင်းခံသည့်ငွေပမာဏ အစားစားရှိကြောင်း သိရသည်၊၊
တောင်ကြီးမြို့နယ် ကျေးရွာမှအမျိုးသားတစ်ဦးကလည်း”ကျွန်တော့ညီလေးက သုံးသိန်းကျော်ပေးရတယ် ကျွန်တော်တို့ပအိုဝ်းကရိုးတယ်လေ မေးရင်အမှန်တိုင်းပဲဖြေတယ် ဘာအတွက်လုပ်တာလဲမေးတော့ ထိုင်းသွားဖို့အတွက်ဆိုပြီးဖြေလိုက်တော့ တောင်းသလောက်ပေးလိုက်ရတယ်”ဟု ပြောသည်၊၊
တောင်ကြီးမြို့ မွေးရပ်မြေမဟုတ်သည့်နယ်ကျော်သမားများသည် တစ်ယောက်လျှင်နှစ်သိန်းသုံးသောင်းငါးထောင်၊ မွေးရပ်မြေသမားများက တစ်ဦးလျှင် ကိုးသောင်းခြောက်ထောင် ၊ နိုင်ငံခြားသွားမည့်သူများသည် သုံးသိန်းငါးသောင်း ပေးနေရကြောင်း သိရသည်၊၊
တောင်းသည့် ငွေပမာဏအား မပေးနိုင်လျှင်မှတ်ပုံတင်ရရှိရန် အချိန်ဆွဲခြင်း၊ အချိန်ကြန့်ကြာခြင်း မှတ်ပုံတင်ရရှိရန် မသေချာခြင်းများရှိနေကြောင်း သိရသည်။
PPV009
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#မှတ်ပုံတင်ပျောက်ဆုံးခြင်း
#လဲလှယ်ခြင်းများ
#တောင်ကြီးမြို့တွင်မွေးဖွားသည့်သူများ
#တောင်ကြီးမြို့နယ်ကျေးရွာရှိမွေးဖွားသူများ
#နိုင်ငံခြားသို့သွားမည့်သူများ
#မွေးရပ်မြေမဟုတ်သည့်နယ်ကျော်သူများ
#တောင်းခံသည့်ငွေပမာဏ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။