ခမ်းသားငေါဝ်း
မတ် ၁၈၊ ၂၀၂၅
ပင်လောင်းမြို့ တောင်ဖက်တွင် ဓာတ်ဆီသယ်ခွင့်မရသဖြင့် PNO ပါတီမှ ဦးခွန်မောင်သောင်းပိုင် ကောင်တန်ဓာတ်ဆီဆိုင်အပါအဝင် ဓာတ်ဆီဆိုင်ကြီး ၈ ဆိုင် ပိတ်ထားနေရကြောင်း ဒေသခံများထံမှသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဖက်ရှိ ကောင်တန်၊ ဟံသာသာဆိုင် အပါဝင်ဓာတ်ဆီဆိုင်ကြီးအားလုံးကို PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်တို့ ဆီသယ်ယူခွင့်မပြုသောကြောင့် ပိတ်ထားခဲ့ရသည်။
“ဓာတ်ဆီဆိုင် အကြီးတွေ ပိတ်ထားတာ ၈ လရှိပြီ။ PDF တွေကို ဆီဝယ်ပေးမှာစိုးလို့ ဆီသယ်ခွင့်မပေးတာလို့ပြောတယ်။ ခုဆို ဓာတ်ဆီက ရွာထဲ ပုလင်းတွေနဲ့ရောင်းတဲ့ ဆိုင်တွေမှာဘဲ ဝယ်တယ်။ အများကြီးလည်း ဝယ်လို့မရဘူး ဆိုင်ကယ်တစ်စီးဆို ၃ လီတာအထိဘဲ အများဆုံးဝယ်လို့ရတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
ယခုလို ဓာတ်ဆီ သယ်ယူခွင့်ပိတ်ထားသောကြောင့်စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေသွင်းစက်၊ မီးစက်၊ထွန်စက်၊ မြက်ရိတ်စက် အသုံးပြုသူများအတွက် အခက်ခဲဖြစ်ခဲ့ရကြောင်း သိရသည်။
ပင်လောင်း-ဖယ်ခုံ နယ်စပ် တိုက်ပွဲအခြေအနေများကြောင့် ကုန်တင်ကား၊ လိုင်းကားများလည်း သွားလာခွင့်မရှိဘဲ ကုန်စုံဆိုင်၊ စားသောက်ဆိုင် ၊ဓာတ်ဆီဆိုင်များ အကုန်လုံးနီးပါးက ပိတ်ထားနေရသည်မှာ တစ်နှစ်နီးပါးရှိတော့မည်ဖြစ်ကြောင်း သိရသည်။
#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့တောင်ဖက်
#ကောင်တန်
#ဟံသာသာ
#ဓာတ်ဆီဆိုင်ကြီးအားလုံး
#PNO
#ဆီသယ်ယူခွင့်မပြု
မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။