ခမ်းသားငေါဝ်း
မတ် ၁၇၊ ၂၀၂၅
စစ်ကောင်စီသည် အရပ်သားပြည်သူတို့ရှိရာနေရာများကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်မှုကြောင့် ကလေးငယ်ပေါင်း ၃၀၀ ကျော်သေဆုံးရကြောင်း မတ်လ ၁၇ ရက်နေ့တွင် NUG ထုတ်ပြန်ထားပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ (၁၆) ရက်နေ့အထိ မှတ်တမ်းများအရ စစ်ကောင်စီသည် အရပ်သားပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) မှု ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် အများပြည်သူသွားလာသည့် ဈေးနှင့် သာသနိက အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည်ကလေးသူငယ်များ အပြင်အရပ်သား ပြည်သူများ၏ အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေရကြောင်း ရေးသားထားသည်။
မတ်လ (၁၆) ရက်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ စာသင်တိုက်တစ်ခုကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မှုကြောင့် အသက် (၁၈) နှစ်အောက် ကိုရင် (၅) ပါး အသက်ဆုံးရှုံးခဲ့ရသည့်အပြင် အလားတူ မတ်လ(၁၄)ရက်နေ့ တွင်လည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံ့လှကျေးရွာ၏ စျေးကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် (၄) လသား ကလေးသူငယ် တဦးအပါအဝင် ကလေးသူငယ် စုစုပေါင်း (၆) ဦးသေဆုံးခဲ့ရသည်။
ပြည်သူဆိုင်ရာ နေရာများကို တိုက်ခိုက်မှုနှင့် ကလေးသူငယ် များအပေါ် ထိခိုက်သေကြေစေမှုများသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ က်ုချိုးဖောက်ရုံသာမက ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်ပါ ကလေးသူငယ်များ၏ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်နှင့် ကာကွယ်မှု ရရှိပိုင်ခွင့်များကို ပါချိုးဖောက်ရာရောက်ကြောင်းရေးသားထားသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အရပ်သားပြည်သူတို့ရှိရာနေရာများ
#လေကြောင်းတိုက်ခိုက်မှု
#ကလေးငယ်
#NUG
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။