ခမ်းသားငေါဝ်း
မတ် ၁၇၊ ၂၀၂၅

နမ်းစန်စျေးအပေါ်ဘက်ရှိ ညောင်ပင်နားတွင်မီးလောင်မှာဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးထံက မတ်လ ၁၇ ရက်တွင်သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ်းစန်စျေးအပေါ်ဘက်ရှိညောင်ပင်နားတွင် ယနေ့မနက်(၁၀:၄၀)အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။

“ဝါယာရှော့ကြောင့်ဖြစ်တယ် လူတော့မထိဘူး အိမ်ကဘယ်နှစ်အိမ်လောင်သွားလဲတော့ သေချာမသိသေးဘူးဗျ”ဟု သတင်းရင်းမြစ်သိရှိသူတစ်ဦးကပြောသည်။

လျှပ်စစ်မီးပုံမှန်မလာခြင်းကြောင့် ထမင်း၊ ဟင်း၊ ရေနွေးအိုးစသည်တို့ တည်သည့်အခါ သတိထားရန်လိုအပ်ကြောင်း သိရသည်၊၊

ရှမ်းတောင်တွင် နေ့စဥ်လုနီးပါးမီးလောင်မှုဖြစ်ပွားပြီး သုံးရက်အတွင်းမီးလောင်မှုငါးကြိမ်ရှိခဲ့ကာမီးလောင်မှုဖြစ်ပွားရာတွင် ကုန်စုံဆိုင်ရှိအခန်းငါးခန်း ခန့်မီးလောင်မှုခံခဲ့ရကြောင်း သိရသည်။

PPV009
ပုံ-Cj
#မှုခင်း
#နမ်းစန်စျေး
#ညောင်ပင်နားတွင်
#မီးလောင်မှာဖြစ်ပွားခဲ့
#သတင်းရင်းမြစ်တစ်ဦး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။