ခမ်းသားငေါဝ်း
မတ်လ ၁၆၊ ၂၀၂၅
၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းအမျိုးကာကွယ်ရေးတပ်-ခမ်းကောင် PNDF- KK တပ်ဖွဲ့က လွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပနေချိန်တွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က အာဏာရှင်ကိုချေမှုန်းတဲ့နေရာတွင် စစ်အာဏာရှင်အငယ်စား၊ သေနတ်ကိုင်ရင်း သာယာသည့် စိတ်ဖယ်ရှားရန် တိုက်တွန်းပြောဆို ထားသည်။
စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးကို အပြင်းထန်ဆုံးကြိုးပမ်းနေသည့် အချိန်တွင်ရဲဘော်များအနေဖြင့် စစ်အာဏာရှင်အငယ်စား၊ အစွန်းရောက်သည့် အယူအဆနှင့် ကိုယ်ကျိုးစီးပွားတို့အတွက် လက်နက်ကိုင်ပြီး သာယာလာတတ်သည့် စိတ်ကို ချက်ချင်း ဖယ်ရှားရန် လိုကြောင်းဆိုသည်။
ယခုလက်ရှိတွင် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပအိုဝ်းအမျိုးသားရဲဘော်များအနေဖြင့် မြေပြင်တွင် ဘာသာစကားတူ၊ ကိုးကွယ်ရာတူ၊ မျိုးနွယ်စု တူညီသည့် သူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်မှုများရှိနေကြောင်းလည်းပြောထားသည်။
ထို့အပြင် ရဲဘော်များအနေဖြင့် အဓမ္မကိုဖယ်ရှားပြီး ဓမ္မဘက်ကိုတည်ဆောက်နိုင်စွမ်းရှိသည်ဟူသည့် ဂုဏ်သိက္ခာကို တည်ဆောက်မှုအရ ရဲဘော်များသည် အမျိုးသားအချင်းချင်းကို ပြန်လည်စည်းရုံး၊ အမှန်တရားကို လမ်းပြကာ၊ မိမိတို့ကိုယ်တိုင် စံနမူနာပြရန် ရဲဘော်တို့ တာဝန်ရှိကြောင်းပြောသည်။
စစ်အာဏာရှင်ကို တော်လှန်နေသည့် ရဲဘော်များသည် စစ်တိုက်နေရုံဖြင့် မပြီးသေးကြောင်း၊ ပြည်ထောင်စု နိုင်ငံတော်ကြီးကို စည်းလုံးညီညွတ်သာယာ တိုးတက် ငြိမ်းချမ်းသော လွတ်လပ်ပျော်ရွှင်သည့် မျိုးဆက်သစ် ကလေးသူငယ်များ ပါဝင်ဆွေးနွေးကျင်းပသည့် အမျိုးသားနေ့ကို အစဉ်အဆက် ကျင်းပနိုင်ရန်အထိ ပြည်ထောင်စုကြီး တစ်ရပ်လုံး သာယာအေးချမ်းဖို့ ဆက်လက်ထမ်းဆောင်ရမည့် တာဝန်လည်း ရှိကြောင်း ဆိုသည်။
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် -ခမ်းကောင် PNDF- KK သည် ပအိုဝ်းအမျိုးဖက်ဒရယ်ကောင်းစီ PNFC နိုင်ငံရေး ဦးဆောင်မှုအောက်မှတပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် -ခမ်းကောင် PNDF- KK ကျင်းပသည့် ၇၆ နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ကို မိတ်ဖက်တော်လှန်ရေးများဖိတ်ကြားပြီးအမှာစကားပြောဆိုကြကြောင်းသိရသည်။
#PPV0011
#နိုင်ငံရေး
#PNDF-kk
#ဗိုလ်ကြီးဟောင်း နေမျိုးဇင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။