ခမ်းသားငေါဝ်း
မတ်လ ၁၄၊၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော နမ့်ပန်တက် အဆင်းလမ်းတွင် တွဲကား တစ်စီး ချောက်တွင်း ထိုးကျခဲ့ကြောင်း ကနဦး သိရသည်။

မတ်လ ၁၄ ရက် နေ့လည်ပိုင်း အချိန်တွင် ကလော နမ့်ပန်တက် အဆင်းတွင် အဖြူရောင် ၁၂ ဘီး တွဲကား တစ်စီး ချောက်တွင်း ထိုးကျခဲ့ပြီး၊ ကားအတွင်း ယာဉ်မောင်း ၊ အမျိုးသမီးနှင့် ကလေးငယ်လည်း ပါဝင်ကြောင်း သိရသည်။

ချောက်ထဲထိုးကျခဲ့သည့်ယာဥ်ပေါ် ပါလာသူများ ထိခိုက်ဒဏ်ရာရ ရှိမှုအခြေအနေအသေးစိတ်ကို ခမ်းသားငေါဝ်း မှအတည်မပြုနိုင်သေးပါ။

ထိုယာဉ်မောင်းသည် တံတားဦး ချောင်းပတ်ရွာ ကဟု ကနဦး သိရပြီး ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း ကြား သိရသည်။

​ပြီးခဲ့သည့် မတ်လ ၉ ရက် ညပိုင်းအချိန်တွင် အောင်ပန်း-တောင်ကြီးသွားလမ်းနီလာရိုးမစက်သုံးဆီအရောင်းဆိုင် ရှေ့အနီးလမ်းမ၌ ကားတစ်စီး မှ မော်တော်ဆိုင်ကယ်ကို တိုက်မိပြီး မောင်းပြေးခြင်းကြောင့် ဆိုင်ကယ် ယာဉ်မောင်းကို ဆေးရုံ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

#PPV-006
#မှုခင်း
#ကားချောက်ထဲထိုးကျ
#ကလော
#အောင်ပန်း

vedio credit

ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။