ခမ်းသားငေါဝ်း
မတ် ၁၄၊ ၂၀၂၅
ရှမ်းမြောက် ကျောက်မဲမြို့ အင်ကြင်းတောင်တွင် ဘုရားကျောင်းဆောင်အတွင်း ဖယောင်တိုင်မီးထွန်းရာမှ ကျောင်းဆောင် (၁)ဆောင်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
အင်ကြင်းတောင်ပေါ်ရှိဘုရားကျောင်းဆောင်အတွင်း မတ်လ(၁၁)ရက်ညနေ(၆း၀၀)နာရီအချိန်တွင် မယ်သီလရှင် တစ်ပါးသည် ဘုရားရှိခိုးရာ ဖယောင်တိုင်မီးထွန်းရာမှ ကျောင်းဆောင် (၁)ဆောင်မီးလောင်မှု ဖြစ်ပွားသွားသည်။
ကျောင်းဆောင်အတွင်း ဆန်၊ ဆီ နှင့် အသုံးအဆောင်ပစ္စည်း များမီးလောင်သွားခဲ့ပြီး ဆုံးရှုံးမှုကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၈၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်၊၊
ထိုမီးလောင်နေမှုကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်ဖွဲ့နှင့် ဒေသခံများမှ ည (၇:၃၀)အချိန်တွင် အခြားနေအိမ် မီးမကူးဆက်နိုင်ရန် ဝိုင်း၀န်းပြီး မီးငြိမ်းသတ်ပေးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
PPV 003
ပုံ-အွန်လိုင်း
#မှုခင်း
#ကျောက်မဲမြို့
#အင်ကြင်းတောင်
#ဘုရားကျောင်းဆောင်
#ဖယောင်တိုင်မီးထွန်းရာ
#ဆောင်မီးလောင်မှု
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။