ခမ်းသားငေါဝ်း
မတ်လ ၁၄၊ ၂၀၂၅

ဘုရားနီ စေတီတော် ရွှေထီးတော်တင် အခမ်းအနားကို တပေါင်းလပြည့်နေ့ တွင် ကျင်းပပြုလုပ်ရာ အနယ်နယ် အရပ်ရပ်တို့မှ ဘုရားဖူး တိုင်းရင်းသား ပြည်သူ အများအပြား လာရောက်ခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု ၊ ဘုရားနီ ကျေးရွာ ရှိ ရှေးဟောင်း သမိုင်းဝင် နန်းဦး ဘုရားနီ စေတီတော်ကြီးကိုရပ်စောက်ကိုရင်လေးက ပြန်လည် မွမ်းမံပြီးမတ်လ ၁၃ ရက် တွင် ရွှေထီးတော်တင် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို ဘုရားနီ ရွှေထီးတော်တင်ပွဲတော်ကို ရပ်စောက်ကိုရင်လေး၏မွေးနေ့၊ ပအိုဝ်းအမျိုးသားနေ့ တို့နှင့်တိုက်ဆိုင်ကျင်ပပြီး လာရောက်သည့် ပွဲတော်လာများ တိုးမပေါက်အောင် စည်ကားနေကြောင်းသိရသည်။

“မနက်အစောကြီးထဲက လူအရမ်းစည်ကားနေတယ်။ တိုးမပေါက်အောင် စည်နေတာ ရွာလမ်းအတိုင်း သွားလို့တောင် မရတော့ဘူး။လမ်းလျှောက် သွားလာရတယ်။ ဘုရားအနီးမှာ ထမင်းကျွေးတဲ့ ထမင်းရုံတွေ လည်း ပတ်ပတ်လည် မှာ အများကြီး ဖွင့်ထားတယ်။ လာတဲ့ ဘုရားဖူးတွေက ဘူဖေး စနစ် ကိုယ့် ထမင်း ပန်းကန် ကိုယ်ယူပြီး စားသောက်ရတယ်။ ပြီးရင် ပန်းကန် ဆေးပြီး ပြန်ထားပေးရတယ်။ တစ်နေကုန် ဝင်လိုက် ထွက်လိုက် လူဦးရေ သိန်းကျော်မယ်ထင်တယ်။ ”ဟု ဘုရားဖူး လာရောက်သူ တစ်ဦးက ဆိုသည်။

ဘုရားနီ စေတီတော် သို့ သွားရာလမ်း တစ်လျှောက် ကျေးရွာလမ်းများတွင်လည်း ယာဉ်များဖြင့် ပြည့်နှက်နေသဖြင့် ယာဉ်ရပ်နားစခန်းမှ ဘုရားရှိရာသို့ လမ်းလျှောက် သွားလာရကြောင်း သိရသည်။

တပေါင်း လပြည့်နေ့ ၊ မတ်လ ၁၃ ရက် နေ့လည်ခင်း ၁၂ နာရီ ထိုးခါနီး အချိန်တွင် စေတီတော် ပေါ်သို့ ရွှေထီးတော် တင်လှူပူဇော်ခဲ့ပြီး ၊ ငွေကြေး များကိုလည်း ကြဲချခဲ့ကြောင်း သိရသည်။

ရပ်စောက် မြို့နယ် အင်ကြင်းတောရကျောင်း ကိုရင်လေး ဇဋိလ (ဗုဒ္ဓရာဇာသာသနာပြုအဖွဲ့) မေတ္တာခမ်းတန်ကာယကုသိုလ် အဖွဲ့တို့နှင့် ရပ်ဝေးရပ်နီးမှ ၇ ရက်သားသမီးများ စုပေါင်း၍ ရှေးဟောင်းသမိုင်းဝင် ဘုရားနီ ပြည်တော်အေး စေတီတော်မြတ်ကြီးကိုမွမ်းမံပြီး တပေါင်းလပြည့်နေ့တွင် စိန်ဖူးတော် ၊ ငှက်မြတ်နားတော် ၊ ရွှေထီးတော် တင်လှူပူဇော်ပွဲ ရွှေထီးတော် တင်လှူပွဲ အခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုရားနီ စေတီတော် မှာ ရှေးဟောင်း သမိုင်းဝင် စေတီတော် တစ်ဆူ ဖြစ်ပြီး ၊ ညောင်ရွှေမြို့နယ် ၊ ကောသမ္ဘီမြို့ဟောင်းရှိ ပေါရိသတ် စေတီတော်၏ အဆက်အနွယ် ဖြစ်ကြောင်း သိရသည်။

#PPV-006
#ပွဲတော်
#ဘုရားနီ
#ရပ်စောက်ကိုရင်လေး

ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။