ခမ်းသားငေါဝ်း
မတ်လ ၁၃၊ ၂၀၂၅

စံကားဒေသတွင် PNO ပြည်သူ့စစ်ထဲ စစ်မှုထမ်းပါက PNO ကောက်သည့်ဆက်ကြေး အခွန်ကင်းလွတ်ခွင့်ရနေကြောင်း မတ်လ(၁၃) ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် PNOပြည်သူ့စစ်ထဲ စစ်မှုထမ်းသည့် ဒေသခံများက PNO ဆက်ကြေးကောက်သည့်အခွန်ကင်းလွတ်ခွင့်ရသဖြင့် စားဝတ်နေရေးအဆင်မပြေသည့် ဒေသခံများက ဝင်ရောက်မှုများနေကြောင်း သိရသည်။

“PNO ပြည်သူ့စစ်ထဲဝင်ပြီး ရှေ့တန်းလိုက်တက်တဲ့သူတွေဆိုရင် အခွန်ကင်းလွတ်ခွင့်ရတယ်၊ သူတို့လာကောက်သမျှအခွန်တွေအားလုံးပေါ့၊ အဲ့ကြောင့်စားဝတ်နေရေးအဆင်မပြေတဲ့သူတွေက ဝင်ကြတယ် ဝင်ပြီးရင်သူတို့ထောက်ပံ့ပေးတဲ့ လစဥ်ကြေးတွေလည်းရသေးတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုဒေသတွင် အခွန်ကောက်သည့်အဖွဲ့က PNO ပြည်သူ့စစ်တစ်ဖွဲသာရှိကြောင်းသိရသည်။

စံကားအင်းဒေသရှိဒေသခံများက PNOပြည်သူ့စစ်ကောက်ခံသည့်အခွန်များကို ထည့်ပေးရရုံသာမက ၎င်းတို့တပ်စွဲနေရာယူထားသည့် ထီရီးကျေးရွာဘက်သို့ ဒေသခံများက နေ့စဥ်ထမင်းထုပ်ပို့ပေးနေရကြောင်း သိရသည်။

“ကျွန်တော်တို့စံကားဘက်ကဒေသခံတွေဆို သူတို့ကောက်တဲ့အခွန်လည်းထည့်ပေးရတယ် သူတို့တောင်းတဲ့ထမင်းထုပ်တွေဆိုလည်းနေ့တိုင်းပို့ပေးရတယ်၊ ပြီးတော့သူတို့အတွက် ဆေးလိပ်ဖိုးဘာဖိုးညာဖိုး တောင်းလာရင်လည်း ရွသူကြီးကသူတို့တောင်းတဲ့ပမာဏပေါ်မူတည်ပြီးတော့ ရွာသားတွေထံပြန်ကောက်ပေးရတယ်”ဟု ၎င်းကဆက်ပြောသည်။

PNOပြည်သူ့စစ်သည် ပအိုဝ်းဒေသဖြစ်သည့် ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင် စသည့်ဒေသများတွင်လည်း ခေါင်စဥ်အမျိုးမျိုးတပ်ကာအိမ်ခွန်၊ ကားခွန်၊ စက်ခွန်စသည့် အခွန်များကောက်ခံနေခြင်းကြောင့် ဒေသခံများက အခက်အခဲဖြစ်နေရကြောင်း သိရသည်။

စံကားဒေသတောင်ဘက်တွင် PNOပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်တို့ အင်အားထပ်မံဖြည့်တင်းမှုများလည်းရှိနေသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်းသိရသည်။

#PPV007
#Humanright
#PNO ပြည်သူ့စစ်
#ဆက်ကြေးအခွန်
#စံကားဒေသ

ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။