ခမ်းသားငေါဝ်း
မတ်လ ၁၃၊ ၂၀၂၅

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိစစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တဲအိမ်အချို့ပျက်စီးသွားခဲ့ရ ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို မတ်လ ၁၁ ရက်နေ့ ည ၇နာရီ ခွဲအချိန်ခန့်တွင် စစ်ကောင်စီက လေ ကြောင်းဖြင့် ဗုံးအလုံး ၂၀ ခန့်ကြဲချ ခဲ့သောကြောင့် စစ်ဘေးရှောင်အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တဲအိမ်အချို့ထိခိုက်ပျက်စီးသွားသည်။

” ပေါင် ၅၀၀ ဗုံးမျိုးတော့မဟုတ်ဘူး၊ အသေးလေးတွေပဲ အများကြီးလာကြဲသွားတာ၊ အလုံး ၂၀ လောက်ရှိမယ်ထင်တယ်၊ အဲ့မှာ စစ်ရှောင်တစ် ယောက် ခြေထောက်ကိုထိသွားတယ်၊ တဲအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးကခမ်းသား ငေါဝ်းကိုပြောသည်။

ပြီးခဲ့သောမတ်လ ၄ ရက်နေ့တွင်လည်း ဒီမောဆိုအနောက်ဘက်ခြမ်း ရှိ ချယ်ရီကုန်းကျေးရွာကိုစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံး ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။

photo credit

#ppv006
#Humanright
#ဒီးမော့ဆို
#လေယာဥ်တိုက်ခိုက်

ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။