ခမ်းသားငေါဝ်း
မတ် ၁၂၊ ၂၀၂၅

တောင်ကြီးမြို့ပေါ်၌ လိုင်းမဲ့ယာဉ်များကို စိီမံကိန်းဖြစ် ဖမ်းဆီးနေကြောင်း မတ်လ ၁၂ တွင် မြို့ခံများဆီမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်၌ နိုင်ငံတော်၏အခြေအနေအရ၂၀၂၅ ၊မတ် လ ၄ ရက်နေ့စ၍ လိုင်းစင်မဲ့ယာဉ်များကို စတင်ဖမ်းဆီးမည်ဟု ထုတ်ပြန်သည့်နေ့မှစ၍ မြို့ထဲတွင် လိုင်စင်မဲ့ ကားများ အဓိကလိုက်ဖမ်းနေသည်။

“ကားဘဲဖမ်းတာ ၁၁ ရက်နေ့တုန်းက တောင်ကြီးဆေးတက္ကသိုလ်နား ဖမ်းတယ် သူတို့က တစ်နေရာထဲမနေဘူးမနက်ခင်း ဒီနေ့ရာမှာဖမ်းတယ်မလား ဆယ်စီးရတယ်ဆိုရင် သူတို့နောက်တစ်နေရာပြောင်းတယ် ကျွန်တော်တို့ ကံကြီးဘက်မှနေတာ အလုပ်ကမြို့ထဲဆိုတော့ ဆိုင်ကယ်နဲ့ဘဲ သွားဖြစ်တော့တယ်”ဟု ဒေသခံ တစ်ဦးမှပြောသည်။

တောင်ကြီးတွင် တောင်ကြီး-ဟိုပုံးလမ်း ၊ 4 မိုင် ၊ စူဠာမူနိအဆင်း ၊ အရှေ့မြို့ပတ်လမ်း ၊ လွတ်တော်ရုံးမရောက်ခင် အကွေ့၊ အနောက်မြို့ပတ်လမ်း ၊ ကြက်ခြေနီ ရုံးနား၊ မြေပုံနား၊ မိန်းလမ်း ၊ အိုးရှင်းနှင့် BOC အနား၊ တန်ဆောင်တိုင်ကွင်းနား စသည့်နေရာများတွင် ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း သိရသည်၊၊

“သင်္ကြန်နီးပြီးမို့ ဘက်ဂျက်လိုလို့ ဆိုင်ကယ်တော့မဖမ်းဘူး၊ လေးရက်နေ့မှ စပြီးဖမ်းနေတာကော”ဟု မြို့ခံတစ်ဦးမှ ထပ်ပြောသည်။

ပြီးခဲ့သည် မတ်လ ၄ ရက်နေ့တွင် (PNO) ပြည်သူ့စစ်အထူးဒေသ(၆) အဖြစ် သတ်မှတ်ထားသည် ရှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင် အပြင် တောင်ကြီး၊ ကျောက်တလုံး စသည့်နေရာ၌ နိုင်ငံတော်၏ အခြေအနေအရ လိုင်းစင်မဲ့ယာဉ် မောင်းနှင်းခွင့်မပြုကြောင်းနှင့် မောင်းနှင်းခြင်းများတွေ့ရှိပါက သက်ဆိုင်ရာ ယာဉ်ထိန်းရဲ များကဖမ်းဆီးမည်ကို အသိပေး ထုတ်ပြန်ထားသည်။

PPV0013
#လူ့အခွင့်အရေး
#လိုင်စင်မဲ့ယာဥ်
#တောင်ကြီး
#ဟိုပုံးလမ်း
#စူဠာမူနိအဆင်း
#အရှေ့မြို့ပတ်လမ်း
#လွတ်တော်ရုံးမရောက်ခင်အကွေ့
#အနောက်မြို့ပတ်လမ်း
#ကြက်ခြေနီရုံးနား
#မြေပုံနား
#မိန်းလမ်း
#အိုးရှင်း
#BOC
#တန်ဆောင်တိုင်ကွင်း

ပုံ-အွန်လိုင်း

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။