ခမ်သားငေါဝ်း
မတ် ၁၂၊ ၂၀၂၅
ပြည်ပနိုင်ငံမှ ခွင့်ဖြင့်ပြန်လာသူများ ရက်စေ့ကာ ပြန်ခြင်းဖြင့်သော်လည်းကောင်း၊ ပြည်ပနိုင်ငံသို့ပြန်လည် ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာသို့ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း စစ်ကောင်စီမှ မတ်လ(၁၁)ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသို့ ပြန်လာသူများ ပြည်ပနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုပါက လိုအပ်သော စာရွက်စာတမ်းနှင့်အတူ အွန်လိုင်းမှ တဆင့် (၅)ရက်ကြိုတင် အကြောင်းကြားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌနက စိစစ်ပြီးမှသာ ခွင့်ပြုမည် ဖြစ်ပြီး စစ်ကောင်စီ၏ Safe Migration Telegram Channelမှ ထွက်ခွာခွင့်ပြုမည့်သူ အမည်စာရင်းကို ထုတ်ပြန်ကြေငြာပေးမည်ဖြစ်ပြီး ထိုစာရင်းကို သက်ဆိုင်ရာ လေဆိပ်သို့လည်း ပေးမို့ထားမည် ဖြစ်ကြောင်းနှင့် ဤကြေငြာချက်ပါ လုပ်ငန်စဉ်ကို (၂၀၂၅)ခုနှစ် မတ်လ (၁၇)ရက်မှာ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီသည် ဖေဖော်ဝါရီလ (၁၄)ရက်က ရပ်နားခဲ့သည့် ပြည်ပအလုပ်သမား သက်သေခံ (OWIC)ကတ် ထုတ်ပေးခြင်းကိုလည်း မတ်လ(၂၀)ရက်မှာ စ၍ ပြန်လည်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ရာတွင် အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားသည့် အတည်ပြုပြီး အလုပ်ခေါ်စာများ PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ အနေဖြင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီဖြင့် ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ဖြစ်စေ အလုပ်ခေါ်စာများ ရရှိပြီးပါက ပြည်ပနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် အလုပ်သမားဝန်ကြီးဌာန၏ သက်ဆိုင်ရာ အီးမေးလ်လိပ်စာသို့ (၅)ရက်ကြိုတင်လျှောက်ထားရမည် ဖြစ်ပြီး ခွင့်ပြုချက် ရရှိပြီးမှသာ လေယာဉ်လက်မှတ် ဝယ်ယူခြင်းကို ဆောင်ရွက်ကြရန် အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ပြည်တွင်းရှိ လူငယ် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း စစ်မှုထမ်း အကျုံးဝင်သည့် အမျိုးသားလူငယ်များအားလုံးကို PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်းး
#ပြည်ပနိုင်ငံမှခွင့်ဖြင့်ပြန်လာသူ
#ပြည်ပနိုင်ငံသို့ပြန်လည်ထွက်ခွာမည်ဆိုပါက #အလုပ်သမားဝန်ကြီးဌာ
#ပြည်ပသို့အလုပ်လုပ်ကိုင်ရန်
#OWIC
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။