ခမ်းသားငေါဝ်း
မတ်လ ၁၁၊ ၂၀၂၅
ကျွဲတပ်ဆုံ ဂိတ်တွင် ရဟန်းသံဃာတော်ကားအပါ တင်းကြပ်စွာ စစ်ဆေးသဖြင့် ကားတန်းကြီး ရှည်လျားစွာ စောင့်ဆိုင်းနေရကြောင်းသိရသည်။
မန္တလေးတိုင်း ၊ သာစည်မြို့နယ်ရှိ သာစည် – ကလောလမ်းပိုင်းပေါ်က ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတွေတင်းကြပ်ပြီး ကြန့်ကြာမှုတွေရှိနေတာကြောင့် မော်တော်ယာဉ်တန်းများ ရှည်လျားစွာ စောင့်ဆိုင်းနေရကြောင်း သိရသည်။
“ဘုန်းကြီးကားကို စစ်တာ လုံခြုံရေးအရ မပြောလိုပါဘူး။ ဒါပေမဲ့ ပြည်နယ် ဥက္ကဌ ဆရာတော်မှန်း သိရက် နဲ့ အခါခါ စစ်တာတော့ လွန်တာပေါ့။လွန်တယ် ဆိုတာထက် မိုက်ရိုင်းနေပါပြီ ။ ဘုန်းကြီးကားတောင် ဒီလောက်ထိ ကြမ်းရမ်းပြနေတာ ကျန်တဲ့ကားတွေကတော့ ပြောမနေနဲ့တော့ ။ ကုန်တင်ကားတွေ ဆိုရင် တန်းစီထားတာ နောက်ဆုံးကား ယင်းမာပင် မြို့ကို ကျော်ထွက်နေတာပဲ။”ဟု ကြုံတွေ့ခဲ့သူက ဆိုသည်။
ရှမ်းပြည်နယ် သံဃနာယက ဥက္ကဌ ဆရာတော် သိမ်တောင် ဆရာတော်နှင့် လွိုင်လင်ဆရာတော် တို့သည် တောင်ကြီးမှ နေပြည်တော် ကြွရန် မတ်လ ၁၀ ရက်က ကျွဲတပ်ဆုံဂိတ် X-ray ဖြင့် တစ်ကြိမ်စစ်ဆေးပြီး၊ သာသနာရေး ကိစ္စသွားရောက်မည် ပြောဆိုသော် လည်း မရဘဲ နောက်ထပ်တစ်ကြိမ် ထပ်မံ စစ်ဆေးကြောင်း ၊ ကားပေါ်တွင်လည်း သာသနာ့ အလံ ၊ အထောက်အထား စာများလည်းပါပြီး ၊ ဘွဲ့တံဆိပ် ဆပ်ကပ်ခြင်းကို သွားရောက် အလှူခံခြင်းသာ ဖြစ်ကြောင်းပြောဆိုလည်းမရကြောင်းသိရသည်။
ထို ကျွဲတပ်ဆုံ ဂိတ်တွင် စောင့်ဆိုင်းနေသော မော်တော်ယာဉ်များ နေ့စဉ်အမျှ ကြန့်ကြာမှု ရှိသဖြင့် ခရီးသွား ပြည်သူများ နှောင့်နှေး အချိန်ကုန်မှု ရှိနေသည်မှာ ကြာပြီ ဖြစ်ကြောင်း သိရသည်။
ကျွဲတပ်ဆုံ X-ray စစ်ဆေးရေးဂိတ်တွင် နာမည် ကြီး ဂိတ် တစ်ခု ဖြစ်ပြီး ကားသမားများထံမှ ငွေကြေး တောင်းခံခြင်း ၊ အဝေးပြေးခရီးသည် မော်တော် ယာဉ်လိုင်းများထံမှ အကြောင်းအမျိုးမျိုး ရှာ၍ ငွေကြေး တောင်းခံခြင်း ၊ ပြည်သူပိုင် မော်တော် ယာဉ်များကို အကြိမ်ကြိမ် အထပ်ထပ် အကြောင်း ပြ၍ စစ်ဆေးခြင်း များ ပြုလုပ်ခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရကြောင်း သိရသည်။
ပြည်မ ဘက်မှ တက်လာလျှင် ကျွဲတပ်ဆုံ ဂိတ် ၊ တောင်ကြီးမြို့ဝင် ထုံးဖိုဂိတ် တို့သည် စစ်ဆေးရေး နာမည်ကြီး ဂိတ်ဖြစ်ပြီး တွဲကားများ ၊ ခရီးသည် မော်တော်ယာဉ် ကားများနှင့် အိမ်စီးကားများ တို့ကို စစ်ဆေးခြင်း ရှိကြောင်း သိရသည်။
#PPV-006
#Humanright
#ကျွဲတပ်ဆုံ
#စစ်ဆေးရေးဂိတ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။