ခမ်းသားငေါဝ်း
မတ်လ ၁၁၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်၊ ရွှေညောင် မြို့ ၊ အောင်သပြေ၊ သဖန်းပင်ရွာတွင် လမ်းခင်းရန် တစ်အိမ်ကိုကျပ် ၇ သိန်း ကောက်ခံသဖြင့်အခက်ခဲကြုံရကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

အောင်သပြေ သဖန်းပင်ရွာတွင် ရပ်ကွက်လူကြီး ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးတို့ ပူးပေါင်း၍ ရွာတွင်းကတ္တရာ လမ်းခင်းရန်ဟုငွေကောက်ခံခြင်းကြောင့် စားဝတ်နေရေး ချို့တဲ့သည့် နေအိမ်များ ခက်ခဲကြုံ ရကြောင်း ရပ်ကွက်နေ ပြည်သူက ဆိုသည်။

“အစစအရာရာ ကြပ်တည်းနေတဲ့ အချိန်မှာ မတရားသဖြင့် ပိုက်ဆံတွေ လိုက်ကောက်နေပါတယ်။ တစ်ရွာလုံး လမ်းခင်းမှာ မဟုတ်ပါဘူး။ ရပ်ကွက်လူကြီး နေတဲ့ တစ်လမ်းလေးပဲ ခင်းမှာပါ။” ဟု ရပ်ကွက်နေ ပြည်သူက ဆိုသည်။

ယခင် တစ်ခါ ကလည်း ဓါတ်တိုက် စိုက်ရန် ဆိုပြီး တစ်အိမ်လျှင် သုံးသိန်းခွဲကျပ် ကောက်ခံခဲ့ပြီး ပိုက်ဆံများ အလိမ်ခံလိုက်ရသည်ဟု ဆိုကာ ဓါတ်တိုက်လည်း မစိုက်ပေးဘဲ လုပ်စားသွားခဲ့ဖူးကြောင်း ၊ ယခုတစ်ခါ လမ်းခင်းရန် အတွက် ငွေကျပ် ခုနှစ်သိန်းကို လာရောက် ကောက်ခံနေကြောင်း ဆိုသည်။

ထို့ပြင် ရွှေညောင်မြို့တွင် စစ်မှုထမ်း ကင်းလွတ်ခွင့် အတွက် အိမ်ထောင်စုများကိုလည်း ငွေကြေး ကောက်ခံခြင်းများ လည်း ရှိကြောင်း သိရသည်။

ရွှေညောင်မြို့တွင် ခိုလှုံနေသော စစ်ဘေးရှောင် ပြည်သူများထံမှ ထောက်ပံ့ကြေးကိုးသောင်းကျပ် ကို တစ်ဝက် ပြန်လည် တောင်းခံခြင်း ရှိကြောင်း သိရသည်။

#PPV-006
#Humanright
#ရွှေညောင်
#ငွေကောက်
#သဖန်းပင်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။