ခမ်းသားငေါဝ်း
မတ်လ ၈၊ ၂၀၂၅

နိုင်ငံတွင်း ဖြစ်ပွားသည့် ပဠိပက္ခများ၊ သဘာဝဘေးအန္တာရယ်များကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေပြီး ထိုအထဲမှ အမျိုးသမီးနှင့် မိန်းကလေးငယ် (၁၀.၄) သန်းကျော်သည် အဓိကအကူအညီ လိုအပ်သူများ ဖြစ်ကြောင်း မတ်လ(၇)ရက်က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNCHO)မှအစီရင်ခံစာ ထုတ်ပြန်လာသည်။

မြန်မာနိုင်ငံတွင် ပဠိပက္ခများတိုးမြင့်လာခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ များပြားလာခြင်း၊ သဘာဝဘေးအန္တာရယ်များ ထပ်ခါတလဲလဲဖြစ်ပွားခြင်းနှင့် စီးပွားရေး ပြိုလဲခြင်းတို့ကြောင့် ယခင်ကရရှိထားသော တိုးတက်မှုများ ဆုတ်ယုတ်သွားပြီး ကျား၊မ ရေးရာတန်းတူညီမျှမှု ကွာဟချက်များ ပိုမိုနက်ရှိုင်းလာကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဒေသခံ အမျိုးသမီးအဖွဲ့အစည်းများက ကျား၊မ အခြေပြုအကြမ်းဖက်မှုများ၊ ရင်းနှီးကျွမ်းဝင်သူမှ အကြမ်းဖက်မှုများ၊ ပဠိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တိုးမြင့်လာကြောင်း အစီရင်ခံတွင် ဖော်ပြထားသည်။

အမျိုးသမီးများသည် စီးပွားရေး အခက်ခဲများကြောင့် အသက်မွေးဝမ်းကျောင်းများ ထိခိုက်ခဲ့ပြီး အမျိုးသမီးများစွာကို ခေါင်းပုံဖြတ်ခံရသည့် အခြေ အနေသို့ ပို့ဆောင်နေသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများအတွက် ရန်ပုံငွေပံ့ပိုးမှု လိုအပ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

(၂၀၂၅)ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းရှိ ငွေကြေးအကူအညီများသည် ရုတ်တရက် ရပ်တန့်ခြင်း၊ လျှော့ချခံရခြင်းသည် မြန်မာနိုင်ငံအတွက် ဦးတည်ထားသော ရန်ပုံငွေလည်း ပါဝင်သောကြောင့် ပို၍ အခက်ခဲဖြစ်လာကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်မှာလည်း ကလေးငယ် (၈)သိန်း‌ေကျာ်သည် ပညာရေး အထောက်အပံ့များ မရရှိခဲ့သောကြောင့် မိန်းကလေးငယ်များသည် ကလေးလက်ထပ်ခြင်း၊ ကလေးအလုပ်သမားဖြစ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရခြင်းတို့၏ အန္တာရာယ်ကို ရင်ဆိုင်နေခဲ့ရကြောင်း ဖော်ပြထားသည်။

ယခုနှစ် (၂၀၂၅)ခုနှစ်တွင် ကုလသမဂ္ဂနှင့် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသော အမျိုးသမီးနှင့် မိန်းကလေးငယ် (၂.၈၆) သန်းကို အသက်ကယ် အကူအညီများ ပေးအပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

#PPV0011
#humantarian
#အမျိုးသမီး
#လူသားချင်းစာနာထောက်ထားမှု

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။