ခမ်းသားငေါဝ်း
မတ်လ ၇၊ ၂၀၂၅

ပင်လောင်းမြို့ တောင်ဘက်ရှိကျေးရွာများတွင်စစ်ကောင်စီက စစ်မှုထမ်းလူငှားရန်အတွက်ငွေကြေးထပ်မံကောက်ယူနေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းတောင်ဘက်ရှိကျေးရွာများတွင်စစ်ကောင်စီစစ်မှုထမ်းလူငှားရန်အတွက်တစ်အိမ်ကိုငွေကြေးငါးသောင်းကျပ်ဖြင့်ကောက်ယူနေကြောင်းမတ်လ ၇ ရက်နေ့တွင်သိသည်။

“မထည့်ချင်တဲ့လူဆိုရင်နာမည်နဲ့မှတ်ပုံတင်နံပါတ်သွင်းခိုင်းတယ်သူများခြံနောက်လိုက်ပြီးရတဲ့ပိုက်ဆံစုပြီးထည့်ရတယ် သူများခြံနောက်လိုက်ပြီးရှာရတဲ့ပိုက်ဆံကကိုယ့်တွက်တောင်မသုံးလိုက်ရဘူးသူတို့ကောက်တာပဲထည့်ပေးနေရတာအရမ််းပင်ပန်းရတယ်သူတို့က ၆ လကိုတစ်ကြိမ်ကောက်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ပင်လောင်းတောင်ဘက်ရှိကျေးရွာများတွင်စစ်ကောင်စီမှ စစ်မှုထမ်း အတွက် လူငှားရန် ငွေကြေးကောက်ယူခြင်းကို သုံးကြိမ်ရှိပြီဖြစ်ပြီး ယခင်အကြိမ်က PNO ပြည်သူ့စစ်အတွက်ပါပေးခဲ့ရပြီး ယခုတခါတွင်မပါကြောင်းသိရသည်။

ထို့အပြင် PNO ပြည်သူ့စစ်ကလည်း ပြည်သူ့စစ်တပ်သားစုဆောင်းမှု တောက်လျှောက်ပြုလုပ်လာခဲ့ပြီး ရှေ့တန်းပို့ခံရသူလည်းရှိကြောင်း အင်းလေးဒေသ(ထီခိုး)ရေပူရွာတိုက်ပွဲ၌အဖမ်းခံရသည့် ပြည်သူ့စစ်တပ်သားထွက်ဆို ချက်အရသိရသည်။

ပင်လောင်းတောင်ဘက်ရှိ အဓိကကျေးရွာများတွင်ကောင်ဗာ၊ ဟံတနျား၊ ထီဗိ၊ တခါးယဥ်၊ ညောင်မွူး၊လိန်းညား၊ တတောက်ရွာများဖြစ်ကြောင်းသိရသည်။

#PPV009
#Humanright
#ပင်လောင်း
#စစ်မှုထမ်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။