ခမ်းသားငေါဝ်း
မတ် ၆၊ ၂၀၂၅
အိမ်မွေးခွေးတစ်ကောင်အား လူနှစ်ဦးမှ တုတ်ဖြင့် ရိုက်နှက်ပြီး ရောင်းစားခဲ့သည့် ရုပ်သံကို Facebook လူမှုကွန်ရက်စာမျက်နှာမှ ပြန်နှံ့လာသဖြင့် တိချစ်သူ များအနေဖြင့် ထိရောက်စွာအရေးယူ ပေးရန် တောင်းဆိုလာကြသည်။
ပြီးခဲ့ သည့် မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ၊ သမိုင်း အောင်သိဒ္ဓိ ရပ်ကွက်တွင် နေ့လယ်ပိုင်း အချိန်၌ လူနှစ်ဦးသည် အိမ်မွေးခွေး တစ်ကောင်ကို တုတ်ဖြင့် ပြင်းထန်စွာရိုက်သတ်ခဲ့ပြီး ခွေးသားစားချင်သည် အမျိုးသားတစ်ဦးအား သုံးသောင်းဖြင့် ရောင်းစားသည့် ကိစ္စကို တိချစ်သူများက ထိရောက်စွာအရေးယူပေးရန်တောင်းဆို ကြသည်။
“စိတ်မကောင်းဘူးကွာ ကိုယ်မွေးထားတဲ့ ခွေးကိုတောင် ဒီငွေသုံးသောင်း ရဖို့နဲ့ သတ်လိုက်တယ်ဆိုတာ လူတွေက ငွေဘယ်လောက်လိုချင်နေတယ် ဘယ်လောက်ခက်ခဲနေလည်း မြင်လာရတယ် နောက်မလုပ်ရဲအောင် ထောင်ကျသွားစေချင်တယ်”ဟု ခွေးချစ်သူတစ်ဦးက ပြောသည်။
ခွေးချစ်သူများအနေဖြင့် ၎င်း၏ လုပ်ရပ်ကို နောက်တစ်ကြိမ် မဖြစ်စေဖို့ရန်နှင့် တိရိစ္ဆာန်ညင်းပန်းနှိပ်စက်မှု လျော့ချစေချင်သည့်အတွက် ကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူ စေလိုကြောင်းတိရိစ္ဆာန်ညင်းပန်းနှိပ်စက်မှု နှင့်ပက်သက်ပြီး ဥပဒေအရ အရေးယူစေလိုကြောင်း သိရသည်။
“ ခွေးလည်း အသက်ရှိတာဘဲ အဲ့လို့တော့ မလုပ်သင့်ဘူး မြန်မာနိုင်ငံမှာက ဥပဒေအဲ့လောက် အလုပ်မဖြစ်တိုင်း လုပ်ချင်တာလုပ်နေကြတာ တိရိစ္ဆာန်ဥပဒေကရှိတယ် ဒါမဲ့အသက်မဝင်နေဘူး ဆိုပေမဲ့ ခွေးချစ်သူတွေကတော့ အဲ့ဥပဒေကိုအသက်ဝင်အောင် လုပ်မှာဘဲ”ဟု ခွေးချစ်သူတစ်ဦးက ထပ်မံပြောသည်။
ခွေးချစ်သူများအနေဖြင့် ၎င်း၏ လုပ်ရပ်ကို နောက်တစ်ကြိမ် မဖြစ်စေဖို့ရန်အတွက် တိရိစ္ဆာန်ညင်းပန်းနှိပ်စက်မှု လျော့ချ စေချင်သည့်အတွက် ကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူစေလိုကြောင်းသိရသည်။
၎င်းဖြစ်စဉ်တွင် ခွေးရိုက်သတ်သူ နှစ်ဦးသည် ၎င်း တို့စားဝတ်နေရေးအခက်အခဲကြောင့် ယင်းတို့၏ ခွေးကိုသတ်ပြီး သုံးသောင်းဖြင့် ခွေးသားစားချင်သူ အမျိုးသားတစ်ဦးထံ ရောင်းချခဲ့ကြောင်း သိရပါသည်။
ခွေးရိုက်သတ်မှုနှင့် ဆက်နွယ်သည့် လူငါးဦးအား နီးစပ်ရာ ရပ်ကွက်ရုံးသို့ခေါ်ယူ မေးမြန်းပြီး တိရိစ္ဆာန်ချစ်သူများအဖွဲ့၊ လမ်းဘေးတိရိစ္ဆာန်များကာကွယ်ရေးအဖွဲ့၊ ခွေးချစ်သူများအဖွဲ့များအပါအဝင် Myanmar Street Animal Protection အဖွဲ့မှ တာဝန်ရှိသူများက ယင်းသို့ကို တရားစွဲဆို ထားကြောင်း သိရှိရသည်။
PPV0013
ပုံ-အွန်လိုင်း
#တိချစ်သူ
#အိမ်မွေးခွေးတစ်ကောင်
#လူနှစ်ဦးမှတုတ်ဖြင့်ရိုက်နှက်
#ရောင်းစားခဲ့သည့်ရုပ်သံ
#Facebook
#လူမှုကွန်ရက်စာမျက်နှ
#တိချစ်သူများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။