ခမ်းသားငေါဝ်း
မတ် ၆၊ ၂၀၂၅

ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာရှိ ရှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် တစ်ပါးနှင့် ဒေသခံတစ်ဦးအား လက်နက်ကိုင်လူတစ်စုမှ သတ်သွားကြောင်းသိရသည်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ဆရာတော်နှင့် ဒေသခံတစ်ဦးသည် ဖယ်ခုံမြို့၊ အုံတိုင်းကျေးရွာသို့သွားစဉ် လမ်း၌ မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် လက်နက်ကိုင်လူတစ်စုမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်းသိရသည်။

“ဂဂနနလည်း ဘယ်အဖွဲ့အစည်းကလုပ်လည်းဆိုတာတော့မသိဘူး ဒါမဲ့အများဆုံးအားဖြင့် အဲ့ဒီအာဏာသိမ်းစစ်ကောင်စီနှင့် ဒေသမှာရှိတဲ့ PNO တွေဘဲများတာပေါ့ အဲ့လို့ဘဲသုံးသပ်မိတယ် ဘာလို့ဆ်ို မလိုသူတွေကတော့ ရှင်းရှင်းပြောရရင်သူတို့တွေဘဲရှိတာပေါ့”ဟုဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။

ဒေသခံမှ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည့်စစ်ဟု သုံးသပ်ထားသော်လည်း PNO ပြည်သူ့စစ်လော်ဘီအကောင့်တွင် PDF မှသတ်သွားကြောင်းစွပ်စွဲထားသည်၊၊

ကျောင်းထိုင်ဆရာတော်သည် စစ်ရှောင်အရေး ကို အမြဲ ကူညီပေးနေသူဖြစ်သည့်အတွက် ဆရာတော် မရှိသည့်နောက်ပိုင်း စစ်ရှောင်များအတွက်စိုးရိမ်မှုဖြစ်လာနိုင်ကြောင်းသိရသည်။

“စစ်ဘေးရှောင်ကို ဆရာတော်က တစ်လျှောက်လုံး ကူညီပေးခဲ့တာဘဲ ဆရာတော်က စစ်ရှောင်တွေအတွက်မားမားမတ်မတ်ကူညီပေးခဲ့တယ် ဆရာတော်မရှိတဲ့နောက်ပိုင်းမှာဆရာတော်ကို မှီခိုပြီးနေနေရတဲ့ စစ်ဘေးရှောင်တွေအတွက်ကတော့ ရင်လေးစရာတစ်ခုဖြစ်လာတာပေါ့”ဟု ဒေသခံ တစ်ဦးမှ ထပ်ပြောသည်။

ဆရာတော်သည် ဘာသာရေးအပြင် လူငယ်များအတွက် ရှေ့ဆောင်လမ်းပြဆရာတော်တစ်ပါးဖြစ်ကြောင်းအများက လက်ခံထားသည့် ဆရာတော်တစ်ပါးလည်းဖြစ်သည်။

၎င်း ဖြစ်စဉ်နဲ့ပက်သက်၍ ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) အဖွဲ့သည် ၎င်း တို့နှင့် မသက်ဆိုင်ကြောင်း ကို ၁၀၀၆ တပ်ရင်း၏ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး မှအစ အောက်ခြေရဲဘော်များအဆုံး တပ်ဖွဲ့ဝင်များအားလုံးသည် ဖထိုသို့နိုင်ထက်စီးနှင်းသော လုပ်ရပ်အား ပြုလုပ်ကျူးလွန်ခြင်းမရှိကြောင်း ကို ယင်းတို့ရဲဘော်များ၏ အသက်နှင့် သစ္စာခံကြောင်း ထုတ်ပြန်ထားသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့နယ်
#နားဟီးကျေးရွာအုပ်စု
#အုံတိုင်းကျေးရွာရှိ
#ရှမ်းဘုန်းကြီးကျောင်း
#ကျောင်းထိုင်ဆရာတော်
#လက်နက်ကိုင်လူတစ်စုမှသတ်သွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။