ခမ်းသားငေါဝ်း
မတ် ၅၊ ၂၀၂၅
နိုင်ငံတော်၏ အခြေအနေများကြောင်း လိုင်စင်မဲ့ ယာဉ်များကို မောင်းနှင်းခြင်း မပြုကြပါရန် မိမိအဖွဲ့အစည်းရှိ တာဝန်ရှိသူများအား PNA ပြည်သူ့စစ်ဌာနချုပ်ရုံး တောင်ကြီးမှ အသိပေးထုတ်ပြန်ထားသည်။
၎င်း ထုတ်ပြန်ချက်တွင် လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်ကိစ္စနှင့်ပက်သက်ပြီး (ခမ်းဗွေႏ၊ ဒုခမ်းဗွေႏ) PNO အကြီးအကဲများ၊ စစ်ဒေသမှူးးများ၊ ဗျူဟာမှူး အားလုံးအပါအဝင် မိမိဒေသ၌ အသုံးပြုသွားလာနေသည့် ကား without များကို နိုင်ငံတော်၏ အခြေအနေအရ သက်ဆိုင်ရာမြို့နယ် များတွင် ၂၀၂၅ မတ်လ ၄ ရက် မှ စ၍ မောင်းနှင်းခွင့်မပြုကြောင်းနှင့် မောင်းနှင်းခြင်းများတွေ့ရှိပါက သက်ဆိုင်ရာများက ဖမ်းဆီးမည်ကို အသိပေး ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယခုချိန်မှ စတင်၍ လိုင်စင်မဲ့ယာဉ်များ သွားလာသည့်နေရာ၌ အသုံးမပြုကြပါရန် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း အကြောင်းကြားရန်နှင့် မိဘပြည်သူများကိုလည်းအသိပေးရန်နိုးဆော်ရန် ထုတ်ပြန်ချက်တွင်ဆိုထားသည်။
ကား၊ ဆိုင်ကယ် လိုင်စင်မဲ့ ကိစ္စ နှင့်ပက်သက်၍ အသိပေး ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် သက်ဆိုင်ရာများက ကား၊ ဆိုင်ကယ် ဖမ်းဆီး ထိန်းသိမ်းသွားပါက PNA ဗဟိုရုံးချုပ်မှတာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
အသိပေးထုတ်ပြန်ချက်တွင် (စန္တာႏခမ်း)ပင်လောင်း၊ (သူရိယခမ်း) ဆီဆိုင်၊ (မျင်ꩻမိုရ်ႏခမ်း) တောင်ကြီး၊ဟိုပုံး၊ (ဖားဗွာခမ်း) ကျောက်တစ်လုံးကြီး စသည့် မြို့နယ်များရှိ ခမ်းဗွေႏ၊ ဒုခမ်းဗွေႏ) PNO အကြီးအကဲများ၊ စစ်ဒေသမှူးးများ၊ ဗျူဟာမှူး အားလုံးအပါအဝင် ပအိုဝ်ႏပြည်သူများကိုအသိပေးထားသည်၊၊
PPV0013
ပုံ-အွန်လိုင်း
#လိုင်စင်မဲ့ကား
#ဆိုင်ကယ်ကိစ္စနှင့်ပက်သက်ပြီး
#ခမ်းဗွေႏ
#ဒုခမ်းဗွေႏ
#စစ်ဒေသမှူးးများ
#ဗျူဟာမှူး
#without
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။