ခမ်းသားငေါဝ်း
မတ်လ ၁၊ ၂၀၂၅
မိုးဗြဲမြို့တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကာ စစ်ကောင်စီဖက်မှ လေယာဥ်၊ လက်နက်ကြီး၊ဒရုန်းများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေသည်။
” စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ထိတွေ့မှုတွေပြန်ပြင်းထန်နေတယ်၊ မနေ့ကတစ်ရက်တည်းကို လေယာဥ်နဲ့ ၃ ခါလောက်လာကြဲသွားတယ်၊ လက်နက်ကြီးတော့အဆက်မပြတ်ပစ်နေတယ်၊ အခုထိပဲ ” ဟုတော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ထိတွေ့တိုက်ပွဲ အတွင်း နှစ်ဖက်အထိခိုက်အကျအ ဆုံး ရှိကြောင်းသိရသည်။
” စစ်ကောင်စီဖက်ကထိခိုက်ကျဆုံးများတယ်၊ အရေအတွက်တော့ အတိအကျမသိရသေးဘူး၊ ကျွန်တော်တို့ ဖက်မှာလည်း ပေးဆပ်လိုက်ရတာတွေ ရှိတယ် ” ဟု ၎င်း ကဆက်ပြောသည်။
စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ၂၀၂၅ နှစ်အစကတည်းကစတင်ပြီး စစ်ကြောင်းထိုးမှုများပြုလုပ်နေကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
#PPV 003
#တိုက်ပွဲ
#မိုးဗွဲ
#ပြင်းထန်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။