ခမ်းသားငေါဝ်း
ဖေဖော်ဝါရီလ ၂၈၊ ၂၀၂၅

တောင်ကြီးမြို့မဈေးရှိ ကုန်သည်လမ်းဈေးတွင် ဈေးနေ့တိုင်း ခိုးယူနေသော သူခိုးကို ဈေးသည်များ အဖွဲ့မှ ဖမ်းမိခဲ့ကြောင်း သိရသည်၊။

တောင်ကြီး ဈေးနေ့တိုင်း အကြိမ်ကြိမ်ခိုးယူနေသော သူခိုး တစ်ဦးကို ဖေဖော်ဝါရီလ ၂၈ ရက် မနက်ပိုင်း စောစော ၆ နာရီခန့် အချိန် တွင် ဟိုက်ဂျက်ကား ပေါ် ရှိ အထုတ်ကို ဆွဲယူခိုးနေစဉ် ဖမ်းမိခြင်းဖြစ် ကြောင်း သိရသည် ။

“ဒီကောင်က ခိုးနေတာကြာနေပြီ၊ ကြက်သွန် အိတ် လိုက် ခရမ်းချဉ်သီး အိတ်လိုက်ကိုခိုးတာ။ နောက်ထပ်တစ်ယောက် ရှိသေးတယ်၊ ဈေးသည် တွေအကုန်ခိုးခံရဖူးတယ်၊ မနေ့ကဆိုရင် အိတ်လေး တစ်ထုတ်ပျောက်သွားတာ ဒီကောင် ပဲ ။ကျတော်က မရှိမဲ့ရှိမဲ့ ပိုက်ဆံကိုးသောင်းတောင် စိုက်လျော်ရတယ်၊ အရင်တုန်းကပျောက်တာတွေကားသမား ကလျော်ရတယ်၊ ကားကိုသော့လေးနဲ့ ဖွင့်ပြီး အထဲက ပစ္စည်းတွေကိုလည်းခိုးတတ်သေးတယ်၊ ကျတော်က ဒီနားမှာ စောင့်ကြည့်နေလို့ သိတယ်၊ မနက်အစောကြီး မိုးမလင်းသေးဘူးဒီကောင် တွေလာခိုးတတ်တယ်၊”ဟု ဈေးသည် တစ်ဦးက ဆိုသည်၊

ထိုသို့ ဖမ်းမိပြီးနောက် လမ်းဆုံ ဓါတ်မီးတိုင် တွင် ကြိုးချည် ထားပြီး စစ်မေးရာ အကြိမ်ကြိမ် ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါသူခိုးကို ရဲစခန်း အပ် သွားမည် ဟု လည်း ပြောဆိုနေကြသည်၊။

ဈေးသည် တစ်ဦးကလည်း “အရင်တုန်းက မိတဲ့ သူခိုး စခန်းအပ်တာအမှုမဖွင့်လို့ပြန်လွတ်ပေးလိုက် တယ်လေ၊ အမှုဖွင့်ဖို့ဆိုရင်ဈေးသည်ကလည်း အလုပ်ရှုပ်လို့ မဖွင့်ဘူးလေ၊ ဒီလိုနဲ့ ပြန်လွတ်လာတာပဲ၊ ဘယ်လိုလုပ်ရမှန်းတောင်မသိဘူး၊”ဟုပြောသည်၊။

တောင်ကြီးဈေးနေ့ ရောက်တိုင်း မနက်စောစော ခင်းကျင်း ရောင်းချ သောဈေးတွင် လိုက်လံ ခိုးယူနေသော သူခိုးများရှိသလိုအလစ်သုတ်ခါးပိုက်နှိုက်သမား ။ဆိုင်ကယ်သူခိုးများလည်း ပေါများလာကြောင်း သိရသည်၊

ယခင် ရက်ပိုင်း ကလည်း ဆိုင်ကယ်များကိုလိုက်လံ ခိုးယူနေသော သူခိုး တစ်ယောက် ကိုဖမ်းမိ ပြီး စခန်းအပ်လိုက်ကြောင်းသိရသည် ။

#ppv006
#မှုခင်း
#Taunggyi
#သူခိုး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။