ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင်းအများပြည်သူ ဖြတ်သန်းသွားလာခွင့်များကိုဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း မိုးဗြဲ PDF နှင့် KNDF တပ်ရင်း ၃ တို့က ပူးတွဲထုတ်ပြန်ထားသည်။

မိုးဗြဲတွင် ၂ လကျော်ကြာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီမှ လက်နက်ကြီး၊ လေကြောင်းတိုက် ခိုက်မှုများ ကို အများပြည်သူနေထိုင်ရာနေရာဒေသများအထိ ပစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် လုံခြုံရေးအရ ဖြတ်သန်းသွားလာခွင့်ကို ခေတ္တပိတ်ထားခြင်းဖြစ်ကြောင်းအသိပေးထားသည်။

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီသည် အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ၏ ခုခံမှုများကြောင့် စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုများပြားနေကြောင်းသိရသည်။

ထို့အပြင်စစ်ကောင်စီသည် မိုးဗြဲမြို့ကို အဝေးပစ်လက်နက်များ၊ ဒရုန်း၊လေယာဥ်များ ဖြင့် နေ့စဥ်ရက်ဆက် မြို့ထဲသို့ ပစ်ခတ်တိုက်ခိုက်နေလျက်ရှိကြောင်းသိရသည်။

ထို့ကြောင့် မိုးဗြဲ မြို့တွင်း ဖြတ်သန်းသွားလာမှုကို ခေတ္တပိတ်ထားမည်ဖြစ်ပြီး အရေးပေါ် ကိစ္စရပ်များ ရှိပါက သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ လုံခြုံရေးဂိတ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးထုတ်ပြန်ထားသည်။

#PPV 003
#တိုက်ပွဲ
#မိုးဗွဲ
#သွားလာခွင့်ပိတ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။