ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅
မိုးဗြဲမြို့ကို စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့သောကြောင့် ပြည်သူနေအိမ်အချို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။
ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ည ၅ နာရီဝန်းကျင်အချိန်ခန့် တွင် လေယာဥ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူနေအိမ်အချို့ မီးလောင်ပျက်စီးသွားခဲ့သည်။
” အဲ့နေ့ကကြဲတာ အိမ် ၃ လုံး ၄ လုံးလောက်တော့ ထိသွားတယ်၊ မီးလောင်သွားတာပေါ့၊ လူအထိခိုက်မရှိဘူးလို့တော့ သိရတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့တွင်း နေ့စဥ် လက်နက် ကြီး၊ ဒရုန်း၊လေယာဥ်များဖြင့်တိုက်ခိုက်နေသောကြောင့် ဒေသခံနေအိမ်အများအပြားပျက်စီးနေကြောင်းသိရသည်။
” စစ်ကောင်စီကတော့ နေ့တိုင်းလိုလိုပဲ မြို့တွင်းကို လက်နက်ကြီးပစ်တယ်၊ ဒရုန်းနဲ့ ဗုံးချတယ်၊ လေယာဥ်နဲ့ ကြဲနေတာ၊ မိုးဗြဲမှာရှိတဲ့ အိမ်တော်တော်များများတော့ ပျက်ကုန်ပြီ” ဟု ၎င်း ကဆက်ပြောသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်း မိုးဗြဲမြို့ Church ကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။
photo credit
#PPV 003
#Humanright
#မိုးဗွဲ
#တိုက်လေယာဥ်ဗုံကြဲ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။