ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅

စံကားဒေသ၊ ထီရီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးကျည်များ ထပ်မံကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ၊ လင်လမ်တောင်ကျေးရွာအုပ်စုတွင်ရှိသည့် ထီရီးကျေးရွာထဲတွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ည၌ လက်နက်ကြီးကျည် (၁၀)လုံးခန့်ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံများက ထွက်ပြေးတိမ်းရှောင်နေရသည်။

“အခုက တိုက်ပွဲဖြစ်တာမျိုးတော့မရှိသေးပါဘူး၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်လက်နက်ကြီးနဲ့ လှမ်းပစ်နေကြတာ မနေ့ညရွာထဲ(၁၀)လုံးလောက်ကျတော့ ရွာသားတွေကထွက်ပြေးနေကြပြီ အခုရွာထဲမှာ ရွာစောင့်ပေးတဲ့ လူတွေပဲကျန်တယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ရွာထဲသို့လက်နက်ကြီးကျသော်လည်း ဒေသခံလူထုနှင့် နေအိမ်များထိခိုက်ပျက်စီးမှု မရှိသေးသော်လည်း ဒေသခံလူထုများက စိုးရိမ်ကြောက်လန့်ကြသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်ကြောင်း သိရသည်။

နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက “အခုထီရီးဘက်မှာ တိုက်ပွဲတော့မဖြစ်သေးဘူး တစ်ဖက်နဲ့တစ်ဖက်စစ်ရေးတင်းမာမှုတွေတော့ရှိ ကြတယ် စစ်အင်အားတွေလည်းအပြန်အလှန်ဖြည့်တင်းနေကြတယ်၊ ထီရီးဘက်မှာဆို စစ်ကောင်စီတပ်နဲ့ PNOတပ်သားတွေလည်း အများကြီးအင်အားထပ်ဖြည့်ထားတော့ ရွာသားတွေအနေနဲ့ တိမ်းရှောင်လိုက်တာပိုကောင်းတယ်”ဟု ခမ်းသားငေါဝ်းကိုပြောသည်။

ထီရီးရွာထဲတွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၃၁)ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင်း ရွာထဲရှိ စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ရသေးကြောင်း သိရသည်။

#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားအင်းဒေသ
#လင်လမ်တောင်ကျေးရွာအုပ်စု
#ထီရီးကျေးရွာ
#လက်နက်ကြီး
#ဒေသခံများကထွက်ပြေးတိမ်းရှောင်နေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။