ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၂၊၂၀၂၅

တောင်ကြီးမြို့တွင် CCTV များ တပ်ထားသော်လည်း ဆိုင်ကယ် ပျောက်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ကျူးလွန်သူ ကို ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်မြို့တော် ၊ တောင်ကြီးမြို့တွင် ဆိုင်ကယ် သူခိုးများ သောင်းကျန်းနေပြီး ဆက်တိုက် ခိုးယူမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

“ တစ်မြို့လုံး မင်းလမ်း အနောက်မြို့ပတ်လမ်းတွေရော ၊ ခြင်္သေ့နှစ်ကောင် လမ်းဆုံ ရပ်ကွက်တွေထဲပါ မကျန် CCTV တွေ တပ်ထားတယ်။ တကယ်တမ်း ဆိုင်ကယ်ပျောက်ဆုံးမှု တွေမှာ အသုံးပြုသင့်ပါတယ်။ အခုက နိုင်ငံရေးအတွက်ပဲ အသုံးချနေတာလို့ ယူဆရတယ်။ ဆိုင်ကယ်တွေ နေ့တိုင်း ပျောက်တယ်။ ပြန်ဖမ်းမိတာ မကြားမိဖူးဘူး။ ပျောက်သွားတာပဲ ကြားဖူးတယ်။ ”ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက် မနက်ပိုင်း အချိန်အဆောင်တစ်ခုရှေ့တွင် ရပ်ထားသော 2017 click လိုင်စင်ဘီး ခိုးယူခြင်း ခံလိုက်ရသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရန် ပိုင်ရှင်ဖြစ်သူက အကူအညီ တောင်းထားသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဆိုင်ကယ် ၂ စီးထက် မနည်း ပျောက်ဆုံးကာ စဝ်စံထွန်းဆေးရုံ ရှေ့တွင် Honda Wave 100 တစ်စီး အပါအဝင် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ရှိ ကွန်ဒို နှင့် တိုက်ခန်းများကို ဆိုင်ကယ်သူခိုးများ ပစ်မှတ်ထား၍ ဆက်တိုက် ခိုးယူနေကြောင်း သိရသည်။

တောင်ကြီးမြို့တွင် နေ့စဉ် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှု ဖြစ်ပွားနေပြီး ၊ ခိုးယူခြင်း ခံရသော မော်တော်ဆိုင်ကယ် ပြန်လည် ရရှိမှု နည်းပါးကြောင်း သိရသည်။

#PPV-006
#မှုခင်း
#ဆိုင်ကယ် သူခိုး
#Taunggyi

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။