ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၇၊ ၂၀၂၅
မိုးဗြဲတွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေးအင်အားစုတို့ အကြား ထိတွေ့တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။
ရှမ်းတောင်-ကရင်နီ(ကယား)နယ်စပ်၊ မိုးဗြဲတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစပြီး ယခုချိန်ထိ တိုက်ပွဲများ ပြင်းထန်နေပြီး၊ စစ်ကောင်စီဖက်မှ လေကြောင်း တိုက်ခိုက်မှု များအဆက်မပြတ်ပြုလုပ်နေသည်။
” တိုက်ပွဲကတော့ပြင်းထန်နေဆဲပဲ၊ အခုအခြေအနေက ကျွန်တော်တို့ထိုးစစ်ဆင်တဲ့အနေအထားမျိုးပါ၊ စစ်ကောင်စီဖက်ကတော့လေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်နေပါတယ်” ဟုတော်လှန်ရေး ရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်စွဲထားသောနေရာအချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
” စစ်ကောင်စီက သူတို့ရဲ့ ၄၂၂ တပ်အပြင်ထိကာပြီးနေရာထွက်ယူထားတယ်၊ အခုတိုက်ပွဲဖြစ်နေတာလည်း အဲ့ သူတို့တပ်စွဲထားတဲ့နေရာတွေမှာပဲ၊ သူတို့စခန်းချထားတဲ့နေရာအချို့ကိုတော့ ကျွန်တော်တို့ သိမ်းနိုင်ခဲ့တယ်၊ ၄၂၂ တပ်ထဲထိတော့ ထိုးစစ်ဆင်တာတွေမရှိသေးဘူး” ဟု ၎င်း ကဆက်ပြောသည်။
တိုက်ပွဲအတွင်းအထိနာနေသောစစ်ကောင်စီသည် လေကြောင်းအသုံးပြုကာ မီးလောင်ဗုံးများ ကြဲချခဲ့ခြင်းကြောင့် မိုးဗြဲရှိ နေအိမ်များမီးလောင်ပျက်စီးသွားကြောင်းသိရသည်။
#PPV 003
#တိုက်ပွဲများ
#မိုးဗွဲ
#စစ်ကောင်စီ
#တော်လှန်ရေးအင်အားစု
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။