ခမ်းသားငေါဝ်း – The People’s Voice

အချက်အလက်စစ်ဆေးခြင်း – Fact Checking

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကျေးရွာများတွင် စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် အမျိုးသား များအပြင် အမျိုးသမီးများကိုပါ စာရင်းများ ကောက်ယူလျက်ရှိနေပါသည်။ တစ်ဖက်တွင် ညောင်ရွှေမြို့ နယ်ဘက်နှင့် ဖယ်ခုံနယ်မြို့ နယ်စပ်ဒေသတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ် တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေပါသည်။ ထိုပစ်ခတ်မှုများကြောင့်လည်း ညောင်ရွှေမြို့နယ် လွယ်နွဲ့ကျေးရွာ ဒေသခံများ ထိခိုက်မှုရှိနေပြီး သေဆုံးမှုများလည်း ရှိနေပါသည်။

ထိုလက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖြစ်ပျက်သွားသည့် လူ့အခွင့်ရေး ချိုးဖောက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်သူများက “ ညောင်ရွှေမြို့နယ် ထီရီးကျေးရွာတွင် ခလေးများစာသင်နေသည့် စာသင်ကျောင်းကို မကောင်းတဲ့အဖွဲ့ အဖျက်သမားအဖွဲ့(လိုတဟောဝ်း တဝ်း- အယားသားစွို)က ဒရုန်းလက်နက်ကြီးဖြင့် ကြဲချသောကြောင့် စာသင်ကျောင်းပိတ်ထားလိုက်ရတယ် လို့” စစ်ကောင်စီ (စဲ့မန်း) လော်ဘီ ခွန်ဆန်းအောင်မှ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပအိုဝ်းဘာသာ စကားဖြင့် ပြောဆို ဖြန့်ဝေထားပါတယ်။
အယားသားစွို အရေးအသားသည် အဖျက်သမားဟု အဓိပ္ပာယ်ရပြီး စစ်ကောင်စီ၏ ဆန့်ကျင်ဘက် အဖွဲ့အစည်းများကို လော်ဘီများက သုံးနူန်းပြောဆိုကြတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်သည့်အတွက် လက်ရှိ ညောင်ရွှေဘက်တွင်ရှိနေသည့် တော်လှန်ရေးတပ်ဖွဲ့ကို ဆိုလိုသည်ဟု ခမ်းသားငေါဝ်းမှ ယူဆရ ပါသည်။
ထိုအကြောင်းအရာကို (စဲ့မန်း) စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်၏ လော်ဘီ ခွန်ဆန်းအောင် ဖေ့ဘွတ်အကောင့်မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး ခမ်းသားငေါဝ်းအချက်လက် စစ်ဆေးနေချိန်၌ ကြည်ရှု့သူ 23K ဦး လိုက်နှင့်ရီလ်အက် ပြုလုပ်သူ 76 ဦးရှိပြီး ရီအက်ပြုလုပ်သူ 1k ကျော်ထိရှိနေပြီး ဖြစ်ပါသည်။

သတင်းအမှား ဖြန့်ဝေလင့် – https://archive.ph/YDhUg

ထိုဝါဒဖြန့်ချိထားသည့် အကြောင်းအရာကို ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့မှ သတင်း မီဒီယာနှင့် ဒေသခံများထံ စိစစ်သည့်အခါတွင် အဖြစ်အပျက်ကို အသုံးချပြီး အမှန်တကယ်ကျူးလွန်သူ စစ်ကောင်စီကို ကာကွယ်ပြောဆိုပေးထားကာ ရည်ရွယ်ချက်ရှိရှိ လိမ်လည်ပြောဆိုထားသော သတင်း အမှားဖြစ်ကြောင်း တွေ့ရှိရပါသည်။

သတင်းစစ်ဆေးချက်
ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်တို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ရှိနေကြပြီး စစ်ကောင်စီတပ်တို့သည် ထီရီးကျေးရွာ၏ မြောက်ဘက် ၆ ဖာလုံ အကွာအဝေးရှိ ဘုရားတောင် စခန်းကုန်းတွင် တပ်ဆွဲထားခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တို့က ထီခိုးကျေးရွာ ဘက်သို့အပြန်အလှန် တပ်ဆွဲထားခြင်းဖြစ်သည်။ စစ်ကောင်စီ တပ်ဆွဲထားသည့် ထီရီးကျေးရွာဘက်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တပ်ဆွဲထားသည့် ထီးခိုးကျေးရွာဘက်တို့သည် ၃ မိုင်ခန့်သာ အကွာဝေးရှိ နေပါ သည်။
ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ညောင်ရွှေမြို့နယ် ထီရီးကျေးရွာတွင် ကျေးရွာအတွင်း စာသင်နေသည့် ကျောင်းသား စာသင်ကျောင်းကို ဒရုန်းလက်နက်ကြီးဖြင့်ကြဲချခံရပြီး ကျောင်းသားများထိခိုက်မှု မရှိ သော်လည်း စာသင်ကျောင်းဆောင်ကို ထိမှန်ကာ စာသင်ကျောင်းပိတ်ထားလိုက်ရပါသည်။ ထိုအ ကြောင်း အရာနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က ပြုလုပ်သည်ကို ရှမ်းတောင်အခြေစိုက် လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဖော်ပြချက်နှင့် ဒေသခံများ၏ ပြောကြားချက်ကို စိစစ်ခဲ့ပါသည်။

ညောင်‌ရွှေမြို့နယ်၊ စံကားဒေသ၊ ထီရီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဇန်နဝါရီလ (၃၁)ရက်နေ့နှင့် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ဒရုန်းဖြင့်ဗုံးကြဲချခြင်းကြောင်း စာသင် ကျောင်းနှင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများရှိခဲ့ပါသည်။ ထိုဒရုန်းဖြင့်ဗုံးကြဲချခြင်းကြောင့် ဒေသခံလူထုများ ထိခိုက်ဒဏ်ရာရသွားခြင်း မရှိသော်လည်း ဒေသခံများက စိုးရိမ်မှုကိုယ်စီရှိ နေကြောင်း ကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဒေသခံများ၏ ပြောစကားနှင့်အတူ ခမ်းသားငေါဝ်းသတင်းဌါနမှ ဖော်ပြထားပါသည်။

ခမ်းသားငေါဝ်းသတင်းလင့် – https://www.facebook.com/share/p/1H3fE1FbK3/

ထီရီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဒရုန်းလက်နက်ကြီးဖြင့် ကြဲချခံရမှုနှင့် ပတ်သက်ပြီး ဒေသခံအမျိုးသားတစ်ဦး၏ ပြောကြားချက်တွင် “ရွာထဲမှာက ရွာသား တွေဘဲ ရှိတယ်ဆိုတာ စစ်ကောင်စီတပ်ကသိပါတယ် အဲတာကို စစ်ကောင်စီတပ်က ဘာရည်ရွယ်ချက်နဲ့ လုပ်တာလည်းတော့မသိဘူး ဒီတိုင်းပဲ တိုက်ပွဲလည်းမဖြစ်ပဲနဲ့ ဒရုန်းနဲ့ ဗုံးလာကြဲသွားတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် ဗုံးလာကြဲကြောင်းကို ခမ်းသားငေါဝ်းအချက် အလက်စစ်ဆေးခြင်းထံသို့ ပြောပါသည်။

သတင်းအမှား ဝါဒဖြန့်ပြောဆိုထားသည့် ဖေ့ဘွတ်ဗီဒီယိုပိုစ့် မှတ်ချက်အောက်တွင်မှာလည်း “ တော်လှန် ရေးတပ်ဖွဲ့က လုပ်တာမဟုတ်ဘူး (စဲ့မန်းစွို့) စစ်ကောင်စီတပ်က ပြုလုပ်တာ”ဟု မှတ်ချက်ပေး ထားမှုများရှိပြီး ၊ နောက်ထပ်တစ်ဦးက “လျောက်မပြောနဲ စစ်ကောင်စီ (စဲ့မန်း) ကြဲချတာ လူတိုင်း သိတယ်” ၊ ပြီးတော့ “မင်းတို့အဖေ စစ်တပ်က ဗုံးလာကြဲတာကို တွေ့ရဲသားနဲ့” ဆိုပြီး ပအိုဝ်းဘာသာ တို့ဖြင့် စစ်ကောင်စီမှ ပြုလုပ်ကြောင်းကို ပြန်ပြီး တုံပြန့်ရေးသားမှတ် ချက်ပေးမှုများကိုလည်း တွေ့နိုင်ပါ သည်။

ထို့အပြင်ထီရီးကျေးရွာ စာသင်ကျောင်း ပိတ်ထားသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး ကလေးများကို ရွာ၏ ဓမ္မာရုံတွင် ပြောင်းရွေ့ပညာသင်ကြားရသည်မှာလည်း တစ်နှစ်ကျော်ရှိပြီဖြစ်သည်။
‘’စစ်ကောင်စီက စာသင်ကျောင်းအရှေ့ဘက်မှာ တပ်စွဲနေရာယူထားတာရယ် တိုက်ပွဲတွေကြောင့်ရယ် ဆရာမတွေက ထွက်ပြေးပြီးပြန်မလာတော့တာရယ်နဲ့ စာသင်ကျောင်းပိတ်ရတာ ၊အခုကတော့ ရွာထဲက ပညာတတ်ဘွဲ့ရသူတစ်ချို့က ကလေးတွေကို တတ်နိုင်သလောက် ပြန်ပြီးပညာပြန်သင်ပေးတာပဲရှိတာ” ဟု ဒေသခံက ခမ်းသားငေါဝ်းအချက်လက်စစ်ဆေးအဖွဲ့ကို အတည်ပြု ပြောဆိုထားသည်။

သုံးသပ်ချက်

ထို့ကြောင့် ညောင်ရွှေမြို့နယ် ထီရီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောင်းသားများ စာသင်နေ သည့် စာသင်ကျောင်းကို ဒရုန်းဗုံးဖြင့် ကြဲချခံရသည့် အကြောင်းအရာမှာ သတင်းမှန်ဖြစ်ပြီး ယုံကြည်ရ သည့် သတင်းမီဒီယာနှင့် ကျူးလွန်ခံရသည့် ဒေသခံများ၏ ပြောစကားအရ စစ်ကောင်စီတပ်မှ ကြဲချ ကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။

ထို့ကြောင့် စစ်ကောင်စီ၏ လော်ဘီ ခွန်ဆန်းအောင်မှ ဖြန့်ဝေလိမ်လည်ပြောဆိုထားသကဲ့သို့ တော်လှန် ရေးတပ်ဖွဲ့မှ ဒရုန်းဗုံးဖြင့် ကြဲချမှုမှာ လိမ်လည်ပြောဆိုထားသည့် သတင်းအမှား ဖြစ်ကြောင်း တွေ့ရှိရ သည်။
ဝါဒဖြန့်သူ PNO ပြည်သူ့စစ် ခွန်ဆန်းအောင်သည် စစ်ကောင်စီအဖွဲ့မှ အပြစ်မဲ့ ပအိုဝ်းပြည်သူများ သတ်ဖြတ်ခြင်း ပအိုဝ်းဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပြုလုပ်နေခြင်းတို့ကို ဖုံးကွယ်လို၍ မိမိနှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းအား စွပ်စွဲဝါဒဖြန့် ပြောဆိုထားသော သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

ပအိုဝ်းဒေသတွင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီမှ ကျူးလွန်းနေပြီး လက်နက်အာဏာဖြင့် အပြစ်မဲ့ ပအိုဝ်းပြည်သူများကိုသတ်ဖြတ်ခြင်းအပြင် ထီးစဲခါးဆရာတော် တို့ကိုလည်း သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ စစ်ကောင်စီမှ ပအိုဝ်းပြည်သူများ သတ်ဖြတ်နေ မှုများကို PNO ပြည်သူ့စစ်သည် စစ်ကောင်စီဘက်မှ ကာကွယ်ပြောဆိုပေးထားပြီး စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်မှုများကို အခြားအဖွဲ့အစည်းများသို့ လွဲချပြောဆိုတက်လေ့ ရှိကြောင်း ခမ်းသားငေါဝ်းမှ အချက်အလက်စစ်ဆေးထားမှုများ ရှိခဲ့ဖူးပါသည်။

ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးထားသည့်လင့်များ –

လင့် – https://www.facebook.com/share/p/19m6rS6hYS/
လင့် – https://www.facebook.com/share/p/1BvE8oC5sC/

သတိပြုရန်

ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများကိုဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။ ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။

#သတင်းတုသတင်းမှား
#factcheck