ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၆၊ ၂၀၂၅

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ လေးနှစ်အတွင်း စစ်ကောင်စီနှင့်၎င်း၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း(၆၂၅၂) ဦးရှိခဲ့ပြီဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်​ရေးအသင်း (AAPP) မှ ထုတ်ပြန်ထားသည်။

၎င်းသေဆုံးသူ အများဆုံးဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေ(၂၄၀၀)နီးပါးအထိရှိခဲ့ပြီး ရှမ်းပြည်နယ်သည် (၃၃၀) နီးပါး အထိ သေဆုံးသူရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၁၈၂၄ ဦးသေဆုံးပြီး ထိုထဲ၌ အမျိုးသမီး ၅၃၁ ဦးနှင့် ကလေး ၂၃၈ ဦးပါဝင်ပြီး ၂၀၂၃ ခုနှစ်တွင် ၁၆၃၉ ယောက်သေဆုံးရသည့် အတွက် ၂၀၂၄ တွင်ပိုများလာကြောင်းသိရသည်။

အပြစ်မဲ့ ပြည်သူ့များသေဆုံးရခြင်းသည် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအတွင်း ပစ်ခတ်မှု၏ လေးပုံတစ်ပုံနီးပါးသည် ၎င်းတို့၏ ဦးခေါင်းများကို တမင်ရည်ရွယ်၍ ပစ်မှတ်ထားခြင်းကြောင့်သေဆုံးရသည်။

ထို့အပြင် လူနေရပ်ကွက်များကို အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ မတရားဖမ်းဆီးခံရပြီးနောက်ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဆေးဘက်ဆိုင်ရာ ပေါ့ဆခြင်း၊ ကျား-မအခြေခံ အကြမ်းဖက်ခြင်း နှင့် လူမဆန်စွာ ပြုမူဆက်ဆံခြင်းများ ပါဝင်ကြောင်း ဆိုထားသည်။

ထို့အပြင် အာဏာသိမ်းမှု ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၄၇၉) ဦးရှိပြီး ထိုအထဲမှ (၂၁၇၅၃) ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်၍ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၂၄၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်းရေးသားထားသည်။

ယခုအချိန်၌ မြန်မာပြည်သူ သုံးသန်းခွဲလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ၂၀၂၄ ခုနှစ်တွင်စစ်မှုထမ်းဥပဒေအရ အတင်းအကြပ် တပ်သားစုဆောင်းသည့်အတွက် လူငယ်လူရွယ် ထောင်ပေါင်းများစွာ ထွက်ပြေးနေရခြင်း၊ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်ဦးရေ ကျဆင်းသွားတာကြောင့် လုပ်သားရှားပါးပြီး ကျဆင်းနေသည့် စီးပွားရေးအခြေအနေကို ပိုဆိုးစေခဲ့ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူတွေက ဇန်နဝါရီ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် သိရသည်။

၎င်း တို့ဖော်ပြထားသည် ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်အာဏာသိမ်းပြီးချိန်
#စစ်ကောင်စီနှင့်၎င်း၏လက်ပါးစေများ
#ဒီမိုကရေစီရေးလှုပ်ရှားသူများ
#ပြည်သူစုစုပေါင်း
#နိုင်ငံရေးအကျဉ်းသားများ
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။