ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၅၊ ၂၀၂၅
အင်းလေးဒေသ အနောက်ဘက်ခြမ်းရှိ အင်းပေါခုံကျေးရွာရှိလူငယ်များ စစ်ကောက်စီ လက်အောက်ခံ ပျူစောထီးထဲသို့ဝင်ရန် အုပ်ကြီးကိုယ်တိုင်လိုက်လံစည်းရုံးနေကြောင်း ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ အင်းပေါခုံကျေးရွာ၊ ရေတန်းရွာဘက်ရှိလူငယ်များ စစ်မှုမထမ်းချင်လျှင် စစ်ကောက်စီလက်အောက်ခံ အင်းပျူစောထီးထဲသို့ဝင်ရန် လိုက်လံစည်းရုံးနေသည်။
“ကြားတာတော့ အုပ်ကြီးတွေကစစ်မှုထမ်း လျှောက်လွှာတွေယူလာတယ် ပျူထဲမဝင်ရင် စစ်မှုထမ်းသွားရမယ် မထမ်းပဲထွက်ပြေးရင် မိသားစုပါဖမ်းမယ်လို့ ခြိမ်းခြောက်တယ်” ဟု ဒေသခံကပြောသည်။
ပျူစောထီးထဲသို့မဝင်ချင်သည့် အိမ်များသည်စစ်မှုထမ်းအတွက် မဲနှိပ်ရမည်ဆိုသောကြောင့် တဖြည်းဖြည်း ပျူစောထီးထဲသို့ ဝင်သွားကြောင်းသိရသည်။
“နဂိုက ရေတန်းဘက်တို့ ရွာကြီးဘက်တို့က ပျူစောထီးဝင်ထားတဲ့သူရှိတယ်လေ၊ သူတို့ကရှေ့တန်းသွားစရာမလိုဘူးလေ သူတို့ကဒီမှာဘဲစောင့်ရုံဘဲ၊ အဲ့တာလည်း အတူတူပါဘဲ တစ်ဖွဲ့ထဲဘဲ စစ်တပ်နဲ့အတူတူဘဲ ၊ ခုနန်းပန်ဂိတ်မှာ စောင့်နေတာကော၊ အင်းပေါခုံအဖွဲ့ဘဲလေ အင်းပေါခုံဘက်မှာတော့လိုက်စည်းရုံးတယ်လေ၊ အင်းပေါခုံ အုပ်ချုပ်ရေးမှုကိုယ်တိုင်းက ဝင်ထားတာလေ”ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
အင်းပေါခုံ ကျေးရွာ ၏ ရွာသူကြီးသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးထဲသို့ ကိုယ်တိုင်းဝင်ရောက်နေသူဖြစ်သည့်အတွက် လူငယ်ကိုလိုက်လံစည်းရုံးနေကြောင်းသိရသည်။
စစ်ကောင်စီလက်အောက်ခံ ပျူစောထီးထဲသို့ ဝင်ရောက်ရန် လိုက်လံစည်းရုံးခြင်းမျိုးသည် ယခင်ကတည်းက ရှိခဲ့ကြောင်းနှင့် အင်းလေးအရှေ့ဖက်ခြမ်းတောင်ခြေ၊ မြင်းစခွန့်ကျေးရွာအုပ်စုဖက်တွင်လည်း သေနတ်တကားကားဖြင့် ခြိမ်းခြောက်ခြင်းများရှိခဲ့ကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အင်းလေးဒေသ
#အင်းပေါခုံကျေးရွာရှိလူငယ်များ
#ပျူစောထီး
#အုပ်ကြီး
#လိုက်လံစည်းရုံးနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။