ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၅၊ ၂၀၂၅
စံကားဒေသ ထီရီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲချခဲ့ကြောင်း ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ထီရီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က ဇန်နဝါရီလ (၃၁)ရက်နေ့နှင့် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ဒရုန်းဖြင့်ဗုံးကြဲချခဲ့သည်။
“ပထမတစ်ခါကစာသင်ကျောင်းထိတယ်၊ ဒုတိယတစ်ခါက ရွာထဲစာသင်ကျောင်းဆောင်ဘေးမှာကျတာ” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒေသခံလူထုများထိခိုက်ဒဏ်ရာရသွားခြင်းမရှိပေမဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ရွာအတွင်း ဒရုန်းဖြင့်ဗုံးကြဲချခံရသောကြောင့် ဒေသခံများက စိုးရိမ်မှုကိုယ်စီရှိနေကြသော်လည်း ထွက်ပြေးတိမ်းရှောင်မှုများမရှိသေးကြောင်း သိရသည်။
“သူတို့ကယုံကြည်မှုကိုယ်စီနဲ့ဆိုတော့ ဘယ်အဖွဲ့ကိုမှမပြောချင်ဘူး၊ အရင်လိုအေးအေးချမ်းချမ်းပဲရှိစေချင်တယ် နယ်မြေမအေးချမ်းတော့ အကုန်လုံးကနောက်ကျနေတယ် လမ်းတွေ၊ ပညာရေးတွေ၊ ကျန်းမာရေးတွေကအစပေါ့” ဟု၎င်းကဆက်ပြောသည်။
လက်ရှိစံကားအင်းတောင်ဘက်ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ထီခိုးရွာထဲတွင် တော်လှန်ရေးတပ်ဖွဲများတပ်စွဲနေရာယူထားသောကြောင့် စစ်ကောင်စီတပ်က ဖယ်ခုံဘက်ကနေပြီး လက်နက်ကြီးဖြင့် ရက်တိုင်းပစ်ခတ်တိုက်ခိုက်လာမှုလည်း ပြုလုပ်နေကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စံကားဒေသ
#ထီရီးကျေးရွာ
#တိုက်ပွဲဖြစ်ပွားခြင်းမရှိ
#ဒရုန်းဖြင့်ဗုံးကြဲချ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။