ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၄၊၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စစ်မှုထမ်းစာရင်းပါသည့် လူငယ်တစ်ဦးမိမိကိုယ်မိမိ ကြိုးဆွဲချသေကြောင်းကြံခဲ့ကြောင်း ရပ်ကွက်နေပြည်သူထံမှ သိရသည်။
ရွှေညောင်မြို့၊ ရေနံဝန်း ၊ ဝန်ထမ်းလိုင်းခန်း မှ ဟု ယူဆ ရပြီး ရွှေညောင် စလီဗာတုံး စက်ရုံအနီး ညောင်ပင်တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားပြီး ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်း ၇ နာရီခွဲ အချိန်အကြောင်း ကြားလာသဖြင့် ရပ်ကွက်နေပြည်သူများက သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
‘ ဟုတ်ဒီနေ့ မနက်ပိုင်း ၇ နာရီခွဲ အချိန်လောက် အကူအညီတောင်းလာလို့ သွားရောက် ကူညီပေးခဲ့တယ်။ စဝ်စံထွန်းဆေးရုံ ကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ’ဟုမြို့ခံ ပြည်သူတစ်ဦးက ဆိုသည်။
ထိုလူငယ် အမျိုးသားသည် အသက် ၁၉ နှစ်ရှိပြီး ၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်မှုထမ်း သွားရမည် ဖြစ်ပြီး၊ အိမ်ကမိသားစုနှင့်လည်း အဆင်ပြေကာ စစ်မှုထမ်းပါသဖြင့် သွားမည်ဟုလည်း ပြောကြောင်း သိရသည်။
ထို သေဆုံးသူအလောင်းကို တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံ သို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
#PPV-006
#မှုခင်း
#စစ်မှုထမ်း
#ရွှေညောင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။