ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၄ ၊ ၂၀၂၅
လွယ်စင်းနှင့်တဲခဲရွာရှိအမျိုးသမီးများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန်အတွက်စာရင်းကောက်ယူနေကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားအုပ်စုရှိ လွယ်စင်းနှင့်တဲခဲရွာတွင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း ရှိအမျိုးသမီးများကိုစာရင်းကောက်ယူရာတွင် ပြည်ပမှာရောက်ရှိအလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းရန်အကျုံးဝင်သောလူများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူနေသည်။
“ပြည်ပရောက်လူငယ်တွေကို စစ်မှုမထမ်းရင်တစ်ယောက်ကို ၆ သိန်းအထက်ထည့်ပေးရမယ်လို့ ပြောပါတယ် တစ်ချို့နေရာဆိုစစ်မှုမထမ်းရင် နေအိမ်သိမ်းစီးသွားမယ်”ဟုဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီက အမျိုးသမီးပါစစ်မှုထမ်းရမည်လို့ထုတ်ပြန်စာထွက်လာပြီး နောက်ပိုင်းတွင်မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများသည် လှုံခြုံမှုမရှိပဲအိပ်ရေးပျက်ခဲ့ရပြီး ပြည်ပထွက်ခွင့်ပိတ်ပင်ထားလည်းမရရသည့်နည်းဖြင့် ထွက်မည်ဖြစ်ကြောင်းသိရသည်။
PPV009
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အမျိုးသမီးအရေး
#တောင်ကြီးမြို့နယ်
#နောင်ကားအုပ်စု
#လွယ်စင်းနှင့်တဲခဲရွာ
#အမျိုးသမီးများကိုစာရင်းကောက်ယူ
#ပြည်ပမှာရောက်
#စစ်မှုထမ်းရန်အကျုံးဝင်သောလူများ
#ကျေးရွာအုပ်ချုပ်ရေးအဖွဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။