The People’s Voice – ခမ်းသားငေါဝ်း

Fact Checking – အချက်အလက်စစ်ဆေးခြင်း

လက်ရှိ PNO ပြည်သူ့စစ်တွင် စစ်မှုထမ်းနေသူများက စစ်ကောင်စီ ထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေ နည်းဥပဒေ ပုဒ်မ (၂၂) အရ ကင်းလွတ်ခွင့်ရထားသည့်သူများဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေနဲ့ ကင်းလွှတ်ချင်ပါက စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွင် ဝင်ရောက်စစ်မှုလာထမ်းပါကြောင်းကို ပအိုဝ်းဘာသာဖြင့် သတင်းအမှား ရေးသားထားပြီး ဖေ့ဘွတ် စာမျက်နှာပေါ်သို့ ဖြန့်ဝေထားပါသည်။
ထိုအကြောင်းအရာကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဖြန့်ဝေထားခြင်းဖြစ်ပြီး ပအိုဝ်းဒေသအတွင်း သတင်းတု သတင်းအမှားများပြောဆိုရေးသားဖြန့်ချိလေ့ရှိသည့် PNO ပြည့်သူစစ်၏ လော်ဘီဝါဒဖြန့်ဝေသူ ခွန်ဆန်းအောင် ၏ ဖေ့ဘွတ်ပေစ် PA-O PAY အကောင့်မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး ခမ်းသားငေါဝ်းအချက်လက်စစ်ဆေးနေချိန်၌ လိုက်နှင့်ရီလ်အက် ပြုလုပ်သူ ၇၉၇ ဦး ရှိနေပြီး မှတ်ချက်ပေးသူ ၃၄ ဦးနှင့် ထပ်ဆင့်မျှဝေသူ ၄၇ ဦးထိ ရှိနေပြီး ဖြစ်ပါသည်။

သတင်းအမှား ဝါဒဖြန့်ချိထားသည့် လင့်- https://archive.ph/bvFms

ထိုဝါဒဖြန့်ချိထားသည့် အကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ စစ်ကောင်စီ၏ ၂၀၀၈ ဥပဒေနှင့် ထပ်မံထုတ်ပြန်လာသည့် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်တို့နှင့် ယှဥ်တွဲစစ်ဆေးကြည့် သည့် အခါတွင် အချက်အလက်မှားယွင်းနေပြီး ရည်ရွယ်ချက်ရှိရှိလိမ်လည်ဖော်ပြထားသည့် သတင်းအမှားဖြစ် ကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါသည်။

သတင်းစစ်ဆေးချက်

PNA သည် ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (မြန်မာ့တပ်မတော်) နှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် အထူးဒေသ ၆ အဖြစ် တပ်မတော်အစိုးရက သတ်မှတ်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူထားသည့် PNO /PNA ကို အသွင်ပြောင်းပြည်သူ့စစ်ဌာနေဟု ပြောင်းလဲ့ခဲ့ကာ လက်ရှိစစ်တပ် အာဏာသိမ်းကာလအထိ စစ်ကောင်စီတပ် လက်အောက်ခံ၌ ဆက်လက်ရှိနေသည်။

အသွင်ပြောင်းပြည်သူစစ်များသည် စစ်တပ်၏ ကွပ်ကဲမူလက်အောက်မှ တပ်များဖြစ်သည့်အလျှောက် ၄င်းတို့၏ လစာ၊ ရိက္ခာ၊ စစ်ဝတ်စုံ၊ လက်နက် ခဲယမ်းမီးကျောက်စသည်တို့နှင့် သက်ဆိုင်သောကိစ္စများကို စစ်ကောင်စီမှ ထောက်ပံ့ပေးသည်။

ထို့ကြောင့် PNO ပြည်သူ့စစ်သည် စစ်ကောင်စီကို ကူညီရန် ဝတ္တရားရှိပြီး အနီးတဝိုက်ရှိနယ်မြေတွင် တော်လှန်းရေးတပ်များ၏ သတင်းအချက်အလက်ကို စုဆောင်းပေးခြင်း၊ တိုက်ပွဲစစ်ဆင်ရေးများတွင် စစ်ကောင်စီနှင့်အတူ တိုက်ပွဲဖော်ဆောင်ပေးခြင်း စသည့် အချက်များပါဝင်ပါသည်။

PNO ပြည်သူ့စစ်တွင် ဝင်ရောက် တာဝန်ထမ်းဆောင်နေသော ပအိုဝ်းပြည်သူများသည်လည်း စစ်ကောင်စီ၏ စစ်သား တပ်သားအဖြစ် အလိုလို ကျရောက်သွားမည်ဖြစ်သည်။ စစ်ကောင်စီ တပ်သားများနှင့် နည်းတူ PNO ပြည်သူ့စစ် ထဲရောက်ရှိနေသည့် ပအိုဝ်းလူငယ်များသည်လည်း ရှေ့တန်းတိုက်ပွဲများထွက်ရခြင်း၊ စစ်ကောင်စီ၏ ယူနီဖောင်းစစ်ဝတ်စုံများ ဝတ်ဆင်ကာ စစ်တပ်ဘက်မှ စစ်တိုက်ပေးနေရခြင်း စသည်တို့သည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အောက်တွင် ရှိနေကြောင်းကို သိနိုင်ပါသည်။

ပအိုဝ်းပြည်သူများကို PNO ပြည်သူ့စစ်မှ စစ်ကောင်စီအတွက် ပြည်သူ့စစ်မှုထမ်းရန် တပ်သားစုဆောင်း ပေးနေမှုများနှင့် ပြည်ပသို့ရောက်နေပါက ငွေဒဏ်ဖြင့် ဆက်ကြေးကောက်ယူပေးဆောင်နေရမှုများကို အောက် တွင် ခမ်းသားငေါဝ်း၏ ရေးသားဖော်ပြချက်များကို ဖတ်ရှု့နိုင်ပါသည်။

သတင်းလင့်- https://www.facebook.com/share/p/19vovU45JA/?mibextid=wwXIfr
သတင်းလင့်- https://www.facebook.com/share/1AKGGXbH6j/?mibextid=wwXIfr

ထို့အပြင် စစ်ကောင်စီ၏ လက်အောက်တွင် ရှိနေသည့် အသွင်ပြောင်း PNO ပြည်သူ့စစ်မှ ပအိုဝ်းလူငယ်များကို စစ်ကောင်စီတပ်နှင့်အတူစေလွှတ်ပြီး နယ်စပ်ဒေသရှိ အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပအိုဝ်းလူမျိုးတပ်ဖွဲ့ အချင်းချင်းကြား တိုက်ပွဲဖော်ဆောင်စေလိုမှုများကို အောက်ပါ လင့်အချို့ကို ဖတ်ရှူ့နိုင်ပါသည်။

မဇ္ဈိမ သတင်းလင့် – https://www.facebook.com/share/p/18XhJS1DH1/
Myanmar Now သတင်းလင့်- https://myanmar-now.org/mm/news/54455/

ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ရသူများ၊ လျှော့ပေါ့ ခွင့်ရသူများနှင့် ရွှေ့ဆိုင်းခွင့်ရသူများအတွက် စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် PNO ပြည်သူ့စစ်တွင် တာဝန် ထမ်းဆောင်နေပါက ကင်းလွတ်ခွင့်ရှိသည်အကြောင်းအရာနှင့်သက်ဆိုင်သော အရေးသားမျိုး မတွေ့ ရှိရခြင်းနှင့် အသွင်ပြောင်းပြည်သူ့စစ်များအတွက် သီးသန့်ဖော်ပြရေးသားထားခြင်းလည်း မရှိကြောင်းကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက် –
https://myanmar.gov.mm/news-media/news/latest-news/-/asset_publisher/idasset354/content/%25E1%2580%2595%25E1%2580%25BC%25E1%2580%258A%25E1%2580%25BA%25E1%2580%259E%25E1%2580%25B0%25E1%2580%25B7%25E1%2580%2585%25E1%2580%2585%25E1%2580%25BA%25E1%2580%2599%25E1%2580%25BE%25E1%2580%25AF%25E1%2580%2591%25E1%2580%2599%25E1%2580%25BA%25E1-88

‘’PNO က သူတို့ဆီမှာ စစ်မှုထမ်းရင် စစ်ကောင်စီမှာ စစ်မှုထမ်းစရာမလိုဘူးဆိုပြီးတော့မှ ပအိုဝ်းပြည်သူတွေကို တစ်ဖက်လှည့်ဖြင့် ဝါဒဖြန့်နေတာ ဒီကိစ္စနဲ ပတ်သက်ပြီးတော့ ကျွန်တော့်အမြင်က PNO ပြည်သူ့စစ်အဖွဲ့အ စည်းသည် စစ်ကောင်စီအုပ်ချုပ်ကွပ်ကဲမှုအောက်မှာ ရှိတဲ့လက်နက်ကိုင်အဖွဲအစည်းတစ်ခုဖြစ်တယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အခန်း ၇ ပုဒ်မ ၃၃၈ မှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်မှာရှိရမယ် ဆိုပြီးတော့ ဒီလိုပြဌါန်းထားတာ ရှိပါတယ်။ PNO ပြည်သူ့စစ်သည် စစ်ကောင်စီ ၏ အုပ်ချုပ်ကွပ်ကဲမှုအောက်မှာရှိတယ်ဆိုတာ ဥပဒေ အထောက်အထားအရငြင်းပယ်လို့မရတဲ့ဘူး။ တစ်ဖက်မှာ လည်းဘဲ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖော်ဆောင်ရွက်တဲ့နေရာမှာ ဗဟိုစစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ ပြည်နယ် တိုင်း၊ ခရိုင်အဆင့်၊ မြို့နယ်ရပ်ကျေးအဆင့်စသဖြင့် အဆင့်ဆင့်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေကို စစ်ကောင်စီ ကဖွဲ့စည်းထားပြီးလည်းဖြစ်ပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအရခရိုင်အဆင့် နှင့် တူညီတယ်ဒါကြောင့်မလို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ PNO အဖွဲ့အစည်းအနေဖြင့် စစ်ကောင်စီက ပြဌါန်းထားတဲ့ ၂၀၁၀ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ပအိုဝ်းဒေသစစ်မှုထမ်း ဆင့် ခေါ်ရေးအဖွဲ့ကို မြို့နယ်၊ ရပ်ကျေးစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒီလိုအသီးသီး ဖွဲ့စည်းပြီးတော့ စစ်မှုထမ်းဥပဒေရဲ့ ဆင့်ခေါ်နိုင်ရေးလုပ်ငန်းစဥ်များကို ရပ်ကျေးခရိုင်အဆင့်ဆိုပြီးတော့ အဆင့်ဆင့်လုပ်ငန်းအကောင်ထည်ဖော် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပအိုဝ်းပြည်သူ့စစ် PNO ဆင့်ခေါ်တဲ့ PNO ထံမှာ စစ်မှုထမ်းရန် ဆင့်ခေါ်နေခြင်းသည် စစ်ကောင်စီရဲ့ စစ်မှုထမ်းရန် ဖိတ်ခေါ်ခြင်းနှင့် အတူတူဘဲ ဖြစ်တယ်လို့တင်ပြချင်ပါတယ်။ စစ်ကောင်စီပြဌါန်းတဲ့ ၂၀၁၀ စစ်မှု ထမ်းဥပဒေအရ ဖွဲ့စည်းလိုက်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ နောက်ဆုံးတင်သွင်းတဲ့ စစ်မှုထမ်းမှာဆိုရင် တစ်နိုင် ငံလုံး အနေနဲ့အမျိုးသား ၆ သန်းကျော်ခန့်ရှိပြီတော့ စစ်မှုထမ်းနိုင်တဲ့ အမျိုးသမီးက ၇ သန်းကျော်ခန့်ရှိတယ် စုစုပေါင်း ၁၃ သန်းခန့်ရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရသိရတယ်။ စစ်ကောင်စီကအပတ်စဥ် တစ်ခု ကို လူငယ် ၅၀၀၀ တစ်နှစ်ကိုလူဦးရေ ၆ သောင်းအသုံးပြုဖို့ စစ်မှုထမ်းမှာ ပါဝင်စစ်မှုထမ်းဖို့အတွက် စီမံချက် ချမှတ်ပြီး ဖော်ဆောင်နေတာဖြစ်တယ်။ လူငယ်တွေအနေနဲ ဒီစစ်မှုထမ်းခြင်းမှ တိမ်ရှောင်၍သော် လည်းကောင်း စစ်မှုမထမ်းရအောင် ကျန်းမာရေးမကောင်းကြောင်း လိမ်လှည်အကြောင်းပြ၍သော်လည်ကောင်း စိစစ်တွေ့ရှိ ရင် စစ်မှုထမ်းဥပဒေအရ ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်တယ် စစ်မှုထမ်းခွင့်ကိုတိမ်းရှောင်ပြေးရင် လဲ စစ်မှုထမ်းဥပဒေအရ တရားခံပြေးအနေနဲ ထုတ်ပြန်ကြေညာသွားမှာလဲ ဖြစ်တယ်ကို သူတို့ပြဌါန်း ထားတာ ကို တွေ့ရှိရပါတယ်။”လို့ တရားလွှတ်တော်ရှေ့နေ ခွန်ဝင်းကြိုင်က ခမ်းသားငေါဝ်းကိုပြောသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ပအိုဝ်းနိုင်ငံရေးတွင် တက်ကြွစွာလုပ်ဆောင်ပေးနေသည့်ပအိုဝ်း အမျိုးသမီး တစ်ဦးက “အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘယ်လောက်ဘဲ ၂၀၀၈ ဥပဒေကို ဖျတ်သိမ်းနေပြီးပြောပြော စစ်ကောင်စီက ၂၀၀၈ ဥပဒေ အောက်မှာဘဲ ဆက်သွားနေသေးတယ် ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ကြည့်လိုက် မယ်ဆို PNO သည် ပြည်သူ့စစ်ဖြစ်တယ်။ ဥပဒေ ရှု့ထောင်အရ၊ ဖွဲ့စည်းပုံအရ ကြည့်မယ်ဆိုရင်လည်း ပြည်သူ့ စစ်က ရပခ (အရှေ့ပိုင်းတိုင်းစစ်ဌါနချုပ်) လက်အောက် စစ်တပ်အောက်ကဘဲ ဖြစ်တယ်။
PNO ခေါ်ယူတဲ့ စစ်မှုထမ်းမှာဘဲဖြစ်ဖြစ် စစ်ကောင်စီကခေါ်ယူတဲ့ စစ်မှုထမ်းမှာဘဲဖြစ်ဖြစ် တစ်ခုလုံး ချုံကြည့် လိုက်ရင် အတူတူဘဲဖြစ်တယ်။ မြေပြင်မှာ ကြည့်လိုက်မယ်ဆို ပအိုဝ်းပြည်သူတွေက စစ်ကောင်စီကိုလည်း စစ်မှုထမ်းပေးနေရတယ် PNO/PNA မှာလည်း သီးသန့် ထပ်ပြီး စစ်မှုထမ်းပေးနေရတယ်။
PNO/ PNA သည် ပအိုဝ်းလူထုကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကိုယ့်ရပ်ရွာ၊ နယ်မြေကို ကာကွယ် မယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ပအိုဝ်းပြည်သူတစ်ရပ်လုံးကို စစ်ဘောင်သွင်းနေတာလို့ကျွန်မအနေနဲ့ မြင်တယ်။ ဥပမာ စစ်ရေးကိုကြိုက်တဲ့ပအိုဝ်းတွေလဲရှိတယ် စစ်ကိုမလိုလားတဲ့ ပအိုဝ်းတွေလဲရှိမှာဘဲ သို့ပေမယ့်လည်း အမျိုး ကိုချစ်တယ် ပအိုဝ်းကိုချစ်တယ်ဆိုရင် ငါတို့ရဲ့နယ်မြေကိုငါတို့ကာကွယ်ရမယ် ဆိုတဲ့ဟာမျိုး အသက်အ ရွယ်ပြည့်ပြီးတဲ့သူတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ် ဆိုတဲ့ဟာမျိုး ဖြစ်တဲ့အတွက်မလို့ ပအိုဝ်းဖြစ်တဲ့သူတိုင်းက PNO/PNA မှာ စစ်မှုထမ်းမှပဲ ပအိုဝ်းအမျိုးသားရဲ့ တာဝန်ကို ထမ်းရသလိုမျိုး PNO/PNA က ဝါဒတွေဖြန့်ကြ တယ်။ တကယ်တော့ဒါသည် ပအိုဝ်းအမျိုးသားတွေကို ကာကွယ်ပေးနေတာ မဟုတ်ဘူးသူတို့ရဲ့ အကျိုးစီးပွား တစ်ခုအတွက်နဲ ပအိုဝ်းလူထုတွေ ပအိုဝ်းအမျိုးသားတွေကို ဆွဲထည့်တာ ဖြစ်တယ်လို ကျွန်မမြင်ပါတယ်။
ပအိုဝ်းလူထုတွေက စစ်သင်တန်းလဲတက်ရတယ် စစ်ရဲ့အကျိုးဆက်ကိုလည်းခံစားရတယ် စစ်သင်တန်းတက် ရတဲ့အတွက်ကြောင့် ပိုက်ဆံလည်းပေးရတယ် နည်းအမျိုးမျိုးစုံနဲ့ ဖိနှိပ်ခံရတယ်။ PNO ပြည်သူ့စစ်က စစ်ကောင်စီအတွက် ပအိုဝ်းပြည်သူတွေကို တစ်ဖက်လှည့်နဲ့ စစ်မှုထမ်းခေါ်ယူပေး နေတာမျိုးကိုတွေ့ရတယ် ။
PNO က စစ်ကောင်စီနဲ့ထာဝရ မိတ်ဆွေဖြစ်တယ်ဆိုတာ သူတို့တရားဝင်ပြောတယ် သတင်းတွေမှာ ပြောတယ်။ ရခိုင်မှာဖြစ်တဲ့ ရှေ့တန်းတွေမှာဖြစ်သွားတဲ့ တိုက်ပွဲတွေမှာဆို ပအိုဝ်းတွေအများကြီးဘဲတွေ့ရတယ် စစ်ကောင်စီနဲ့ PNO ကတစ်ဖွဲ့တည်းဘဲ ဖြစ်တယ်ဆိုတာသိသာတယ် ဥပမာ စစ်သင်တန်းတွေမှာဆို သုံးလိုက်တဲ့ လက်နက် တွေက စစ်ကောင်စီကပေးတဲ့ လက်နက်တွေဖြစ်တယ် သူတို့ကတူတူဘဲသာဓကတွေ အမျိုးကြီးရှိတယ်” လို့ မြေပြင်အခြေနေနဲ့ပတ်သက်ပြီး ခမ်းသားငေါဝ်း ကိုပြောသည်။

သုံးသပ်ချက်

အသွင်ပြောင်း PNO ပြည်သူ့စစ်တွင် စစ်မှုထမ်းပါက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေတွင် ကင်းလွှတ်ခွင့်ရ ဆိုသည့်အကြောင်းအရာသည် သတင်းအမှားသာ ဖြစ်ပါသည်။
ပြည်သူများအကြား စိုးရိမ်နေကြသည့် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ချက်ကို PNO ပြည်သူ့စစ်က စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရား ပိုမိုလည်ပတ်စေရန် ပအိုဝ်းလူငယ်များကို အသုံးချနေပြီး တစ်ဖက်လှည့်ဖြင့် စစ်သားစုဆောင်းပေးနေခြင်းသာ ဖြစ်ကြောင်းတွေ့ရှိရပါသည်။

သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြုတိုက်တွန်းလိုပါသည်။ ထို့အပြင် နောက်ပိုင်းတွင် သတင်းမီဒီယာ အယောင်ဆောင် လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။

#သတင်းတုသတင်းမှား
#factcheck