ခမ်းသားငေါဝ်း

ဇန်နဝါရီ ၃၁၊ ၂၀၂၅

မိုးဗြဲတွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီး၊လေယာဥ် များအသုံးပြုပြီး နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေလျက်ရှိကြောင်း ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးအင်အားစု SSLRU ထံမှသိရသည်။

ရှမ်းတောင်-ကရင်နီ(ကယား) ပြည်နယ်စပ် မိုးဗြဲမြို့တွင် ကရင်နီတော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့အကြားထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လေယာဥ်များ နေ့စဥ်အသုံးပြု ပစ်ခတ်တိုက်ခိုက်နေသည်။

”စစ်ကောင်စီကတော့ ခမရ ၄၂၂ တပ်အပြင်ကိုထွက်ပြီးတော့ကာထားတယ်၊ စစ်ကောင်စီဖက်က စစ်ကြောင်းထိုးလာတာ မရှိသေးပေမယ့် လက်နက်ငယ်နဲ့ အချိန်ခဏထိတွေ့တာမျိုးတွေ နေ့စဥ်ရှိပါတယ်၊ ပြီးတော့ စစ်ကောင်စီဖက်က လက်နက်ကြီးပစ်တာတွေ၊ လေယာဥ်ကြဲတာတွေ မျိုးတော့ နေ့စဥ်ရှိပါတယ်” ဟု SSLRU တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီက လက်နက်ကြီးများ၊ လေယာဥ်များဖြင့် နေ့စဥ် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် မိုးဗြဲ အနီးတစ်ဝှိုက်ကျေးရွာရှိပြည်သူများ လက်နက်ကြီးရန်၊လေကြောင်းရန်ကို အထူးသတိထားရန်လိုအပ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတိထားသည်။

စစ်ကောင်စီသည် မိုးဗြဲကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေလျက်ရှိပြီး အင်အားအမြောက်အများဖြည့်တင်းနေလျက်ရှိကာ မကြာခဏ စစ်ကြောင်းထိုးမှုများပြုလုပ်နေလျက်ရှိကြောင်းသိရသည်။

PPV 003
ပုံ-SSLRU
#လူ့အခွင့်အရေး
#မိုးဗွဲ
#ထိတွေ့တိုက်ပွဲ
#ဆက်လက်ဖြစ်ပွားနေ
#လက်နက်ကြီး
#လေယာဥ်များအသုံးပြု
#နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေ
#ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးအင်အားစု
#SSLRU
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။