ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊ ၂၀၂၅

မြန်မာနိုင်ငံတွင် ငတ်မွတ်ခေါင်းပါးမှုသည် ပြီးခဲ့သည့်နှစ်၌ လူပေါင်း ၁၃.၃ သန်း အထိကြုံတွေ့ခဲ့ရပြီး ယခု ၂၀၂၅ တွင် အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်းနှင့် လူပေါင်း ၁၅ သန်းခန့်ငတ်မွတ်ခေါင်းပါးမှု ကြုံရနိုင်ခြေရှိလာနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဇန်နဝါရီ ၂၉ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း စားနပ်ရိက္ခာ မလုံလောက်မှု အမြင့်ဆုံးနှင့် ကြုံတွေ့နေရသည့် ဒေသများတွင် ပဋိပက္ခဖြစ်ပွါးသည့် ချင်း၊ ကချင်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး တို့ဖြစ်ကြပြီး ယခုနှစ်တွင် လူဦးရေ သန်း ၂၀ နီးပါး ဖြစ်သည့် ၃ ဦးတွင် ၁ ဦးသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေကြောင်း WFP ထုတ်ပြန်ထားသည်။

“နိုင်ငံတစ်ဝန်း ပဋိပက္ခကြီးထွားလာတာ၊ အကူအညီဝင်ရောက်ခွင့် ကန့်သတ်ခံရတာ၊ စီးပွားရေးပြိုလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် စံချိန်တင်ငတ်မွတ်ခေါင်းပါးတဲ့ အဆင့်ကို ရောက်ရှိလာတယ်“ ဟု WFP ၏ ကိုယ်စားလှယ်နှင့် နိုင်ငံဆိုင်ရာ ဒါရိုက်တာ Michael Dunford က ပြောကြားခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခများ နှင့် အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၃.၅ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ယခုနှစ်မှာ ၄.၅ သန်းအထိ မြင့်တက်သွားနိုင်ကြောင်း WFP က ခန့်မှန်းထားပါသည်။

အိုးအိမ်မဲ့နေသူများအတွက် စားနပ်ရိက္ခာသည် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်သော်လည်းငွေကြေးဖောင်းပွမှုကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းများသည် ပြီးခဲ့သည့်နှစ်အတွင်း ၃ဝရာခိုင်နှုန်းမြင့်တက်သွားခဲ့သည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များ လျင်မြန်စွာ တိုးမြင့်လာခြင်းသည် နိုင်ငံတကာ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း များလာခြင်းဖြစ်ကြောင့် WFP ကြေညာချက်မှာ ဖော်ပြထားပါတယ်။

WFP သည် 2025 ခုနှစ်တွင် မြန်မာနိုင်ငံရှိ အသက်ကယ်အစားအစာ၊ အာဟာရနှင့် ခံနိုင်ရည်တည်ဆောက်ရေး ပံ့ပိုးကူညီမှုဖြင့် အနည်းဆုံး လူ ၁.၆ သန်းသို့ ရောက်ရှိရန် ရည်မှန်းထားသည်။

PPV0013
ပုံ- အွန်လိုင်း
#လူ့အခွင့်အရေး
#မြန်မာနိုင်ငံ
#ငတ်မွတ်ခေါင်းပါး
#ပိုမိုဆိုးရွားလာနိုင်
#ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်
#WFP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed