ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊ ၂၀၂၅

ညောင်ရွေမြို့နယ် ရေပူကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့လက်နက်ကြီးပစ်ခတ်ခဲ့ရာ ဒေသခံနေအိမ် ၁ လုံးထိမှန်ပျက်စီးသွားကြောင်း အင်းလေးဒေသလူ့အခွင့်အရေးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ် ရေပူကျေးရွာ နှင့် အနီးကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၂၉ ရက်နေ့ တွင် ဖယ်ခုံအနောက်ဖက်ကမ်းရှိ နန်းတောင်း၊ မိုးဦး မှ လက်နက်ကြီး ၂၂လုံးပစ်ခတ်ခဲ့ရာ လက်နက်ကြီး ၃ လုံးမှာ ရွာထဲကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ နေအိမ်တစ်လုံး ထိမှန်ပျက်စီးသွားသည်။

” အဲ့မှာကတိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိဘူးပေါ့လေ၊ အဲ့တစ်နေ့တည်းကို လက်နက်ကြီး ၂၂ လုံးပစ်တယ်၊ ၁၉ လုံးက ရွာအရှေ့ဖက်ကိုကျတယ်၊ ၃ လုံးတော့ရွာထဲကျတယ်၊အိမ်တစ်လုံး ထိမှန်ပျက်စီးသွားတယ်” ဟု အင်းလေးဒေသ လူ့အခွင့်အရေး တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါ ကျေးရွာရှိဒေသခံများမှာ ၂၀၂၄ ခုနှစ်၊ဧပြီလကတည်း၊ ညောင်လေးပင်တိုက်ပွဲ ဖြစ်ပွားစဥ်ကတည်း စစ်ရှောင်ခဲ့ရာ ယခုအချိန်ထိပြန်ရောက်နေထိုင်ခြင်းမရှိသေးကြောင်း ၎င်း ကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်လည်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို စစ်ကောင်စီ နှင့် PNO တပ်တို့က မီးလောင်ဗုံးအပါအဝင် လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ရာ နေအိမ် ၂ လုံးပျက်စီး ခဲ့ရသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွေမြို့နယ်
#ရေပူကျေးရွာ
#တိုက်ပွဲဖြစ်ပွားခြင်းမရှိ
#လက်နက်ကြီးပစ်ခတ်ခဲ့
#အင်းလေးဒေသလူ့အခွင့်အရေး

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed