ခမ်းသားငေါဝ်း – The People’s Voice
အချက်အလက်စစ်ဆေးခြင်း – Fact Checking
ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပအိုဝ်းဒေသများတွင် စစ်ကောင်စီမှ စစ်မှုထမ်းများခေါ်ယူလျက်ရှိနေပြီး အမျိုးသား များအပြင် အမျိုးသမီးများကိုပါ စစ်မှုထမ်းခေါ်ဆောင်နေမှုများရှိနေပါသည်။ တစ်ဖက်တွင် ပအိုဝ်းဒေသ နယ်စပ်ကျေးရွာတို့တွင်လည်း စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား အချိန်ကာလအတန်ကြာ ပအိုဝ်းလူမျိုးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖော်ဆောင်နေမှုများကြောင့် ပအိုဝ်းပြည်သူ့များက ထိခိုက်ဆုံးရှုံးမှုများ ဆက်တိုက်ခံစားနေရပါသည်။
ထိုပဋိက္ခစစ်ပွဲများ ဖြစ်ပွားနေသည့်ကာလတွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်၏ လော်ဘီများက စစ်ကောင်စီ၏ ဒရုန်းဗုံးထိမှန်ပြီးသေဆုံးသွားသည့် ဓါတ်ပုံအဟောင်းကို ယူတင်ပြီး “ ပအိုဝ်းပြည်သူများကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ PNLO အဖွဲ့ “ ဆိုကာ ဇန်နဝါရီလ ၂၉ ရက်နေ့ က “REGION (6)” တယ်လီဂရမ် ချာနယ်မှ ဖြန့်ဝေထားပါသည်။
REGION (6) တယ်လီဂရမ် အကောင့်သည် ယခင် Subscribers 328 ဦးရှိသည့် PA-O Channel ကို REGION (6) ဟု အမည်ထပ်ပြောင်းထားခြင်းဖြစ်ပြီး ထိုအကြောင်းအရာကို ဖြန့်ဝေထားခြင်းဖြစ်ရာ ခမ်းသားငေါဝ်းအချက်လက် စစ်ဆေးနေချိန်၌ ကြည်ရှု့သူ ၇၆ ဦး လိုက်နှင့်ရီလ်အက် ပြုလုပ်သူ ၇ ဦး ရှိနေပြီး ဖြစ်ပါသည်။
သတင်းအမှား ဖြန့်ဝေသည့်လင့် – https://archive.ph/jqbJc
ထို REGION (6) တယ်လီဂရမ် အကောင့်သည် ခမ်းသားငေါဝ်းအချက်လက်စစ်ဆေးရေးအဖွဲ့မှ လိုက်လံ စိစစ် သည့်အခါ စစ်ကောင်စီလက်အောက်ခံ PNO ပြည့်သူစစ်၏ လော်ဘီခွန်ဆန်းအောင်မှ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ဖန်တီးထားကြောင်းကို တွေ့ရှိရပါသည်။
သတင်းအမှားဖန်တီးသူ – https://archive.ph/HJQXf
ဝါဒဖြန့်ချိထားသည့် အကြောင်းအရာကို ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့မှ စိစစ်သည့်အခါတွင် လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဆီဆိုင်သို့ အလံဖြူထောင်ကာ ကားဖြင့် ပြောင်းဆံ ပြန်သယ်သည့် ဒေသခံယာဥ်တန်းကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO/ PNA ပြည်သူ့စစ်မှ ဒရုန်းဗုံး လက်နက်ကြီးဖြင့် ပစ်သတ်ခြင်းခံလိုက်ရပြီး သေဆုံးသွားသည့် ဒေသခံပုံကို အသုံးပြုကာ သတင်းအမှား ပြန် လည်ဖြန့်ဝေနေကြောင်းကို တွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
PNO လော်ဘီ သတင်းအမှားဖြန့်ဝေသူက တင်ထားသော ဒေသခံများ သေဆုံးနေသည့် ဓာတ်ပုံသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဆီဆိုင်မြို့သို့ ပြောင်းဆံပြန်လာသယ်သည့် အလံဖြူထောင်ထားသော ဒေသခံများ၏ ယာဥ်တန်းကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်၏ ရည်ရွယ်ချက်ရှိရှိ ဒရုန်းဗုံး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၈)ဦး သေဆုံးသွားခဲ့ရသည့်ဖြစ်စဥ် ဓာတ်ပုံဖြစ်ကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်တွင် အတည်ပြုစစ်ဆေးတွေ့ရှိရပါသည်။
ဆီဆိုင်မြို့ကို အလံဖြူထောင်ကာ ပြောင်းဆံပြန်သယ်သည့် ဘုရားဖြူရွာ၏ ဒေသခံ (၈)ဦးကို PNO/ PNA ပြည်သူ့စစ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးသွားကြောင်းကို လွတ်လပ်ပြီး အမှီခိုကင်းသည့် Tachileik News Agency သတင်းဌါနမှ ဖော်ပြထားသည်ကို ဖတ်ရှူ့နိုင်ပါသည်။
Tachileik News သတင်းလင့်- https://www.tachileik.net/mm/news/35117
Shwe Phee Myay News Agency သတင်းဌာန၏ ဖော်ပြချက်တွင်လည်း ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့အဝင် ဝါးတောရွာအနီး စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးဆီက သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ပစ္စည်းသယ်ဖို့ ကားနဲ့လာတဲ့ ဒေသခံ ၇ ဦး သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရတဲ့သူတွေရှိသလို ပျောက်ဆုံးနေသူတွေလည်း ရှိတယ် ဟုဖော်ပြရေးသားထားသည်။
Shwe Phee Myay News Agency သတင်းလင့် – https://www.facebook.com/share/p/1A6VQseGDn/
ရှမ်းတောင်အခြေစိုက် ခမ်းသားငေါဝ်း၏ ဖော်ပြချက်တွင်လည်း ဆီဆိုင်မြို့နယ်အတွင်း ပစ္စည်းပြန်သယ်ကြ သည့်အရပ်သားများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၆ နာရီနှင့် ၇ နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း စစ်ကောင်စီနှင့် PNO တို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ဆီဆိုင်မြို့နယ် ဝါးတောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ခမ်းသားငေါဝ်းသတင်းဌါနမှ ဖော်ပြထားပါသည်။
ခမ်းသားငေါဝ်း သတင်းလင့် – https://www.facebook.com/share/p/17TdudtFHn/
သုံးသပ်ချက်
ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာရှိ ဒေသခံများ အလံဖြူထောင်ကာ ပြောင်းဆံပစ္စည်းပြန်သယ်ရင်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ လက်နက်ကြီး ဒရုန်းဖြင့် ပစ်ခတ်၍ သေဆုံးသွားသည်မှာ သတင်းမှန် ဖြစ်ပါ သည်။
သတင်းအမှား ဖြန့်ဝေသူ ဖြန့်ချိထားသလို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) မှ ဒေသခံများ ကို ပစ်သတ်ခဲ့သည့်အကြောင်းအရာမှာ သတင်းအမှားသာဖြစ်ပါသည်။ စစ်ကောင်စီနှင့် PNO တို့မှ အပြစ်မဲ့ ပအိုဝ်းပြည်သူများ သတ်ဖြတ်ခဲ့သည်ကို ဖုံးကွယ်လို၍ မိမိနှင့်ဆန့်ကျင်ဘက် အဖွဲ့အစည်းအား စွပ်စွဲဝါဒဖြန့် ရေးသားထားသော သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် ပအိုဝ်းဒေသတွင် လက်နက်အာဏာဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ဆက်ကြေး ကောက်ယူခြင်းနှင့် ကျေးရွာများထံသို့ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းအပြင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်းနေပြီး မိမိ၏ လူ့အခွင့်ရေး ချိုးဖောက်မှုများကို အခြားအဖွဲ့အစည်းများသို့ လွဲချပြောဆိုတတ်လေ့ ရှိကြောင်းကို ခမ်းသားငေါဝ်းမှ အချက်အ လက်စစ်ဆေးထားမှုများ ရှိခဲ့ဖူးပါသည်။
ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးထားသည့်လင့်များ
– https://www.facebook.com/share/p/162EMi78Zr/
https://www.facebook.com/share/p/18fyjh2WR6/
https://www.facebook.com/share/p/14pUdZLwFA/
https://www.facebook.com/share/p/1Gw3KdrtSL/
သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီးအမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများ ကိုဝင်ရောက် ဖတ်ရှူ့ရန် အကြံပြု တိုက်တွန်းလိုပါသည်။ ထို့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
#သတင်းတုသတင်းမှား
#factcheck