ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊ ၂၀၂၅
မိုးဗြဲ မြို့ ခမရ ( ၄၂၂ ) တပ်မှ တပ်သား ၄ ဦး ရှမ်းပြည်( တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် SSRY ထံအလင်းဝင်လာခဲ့ကြောင်း SSLRU က ဇန်နဝါရီလ ၂၉ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
ရှမ်းတောင် – ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၂)က တပ်သား (၄)ဦးသည် အလင်းဝင်ရောက်လာဖို့ရန် SSLRU ထံ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စတင်ချိတ်ဆက်လာခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့တွင် Mission စတင်ကာ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အဆိုပါ တပ်သားများအား အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသူများသည် စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ် စုဆောင်းခံရသူများဖြစ်ပြီး ၎င်းတို့စိတ်ဆန္ဒ မပါပဲ တာဝန်ထမ်းဆောင်နေရခြင်းကြောင့် အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို တပ်သား(၄)ဦးကို SSLRU နှင့် SSRY မှ လုံခြုံသည့်နေရာတွင် ထားရှိ၍ နွေးထွေးစွာကြိုဆိုခဲ့ကြပြီး ၎င်းတို့၏ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်များပေးသွားမည် ဖြစ်ကြောင်းဆိုသည်။
စစ်ကောင်စီ၏ မတရား တပ်သားသစ်စုဆောင်းခံရသော စစ်မှုထမ်းများ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီထံမှ ရုန်းထွက်၍ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ကြပါရန် SSLRU က တိုက်တွန်း နှိုးဆော်ထားသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မိုးဗြဲ မြို့
#ခမရ ၄၂၂
#တပ်သား
#ရှမ်းပြည်တောင်ပိုင်း
#ဒေသခံတော်လှန်ရေးတပ်ပေါင်းစု
#SSLRU
#SSRY
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။