ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊ ၂၀၂၅
ဆီဆိုင်မြို့နယ်ရှိ ထီဆုံကျေးရွာသို့ ရွာသားအချို့ အိမ်ပြန်စဥ်လမ်းတွင် ဇန်နဝါရီ ၂၅ ရက်နေ့၌ ဗုံးများတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးမှ သိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စု ထီဆုံကျေးရွာသို့ ရွာသားအချို့ အလုပ်ကိစ္စဖြင့်အိမ်ပြန်ချိန် လမ်း၌ဗုံးများတွေ့ရှိခဲ့သည်၊၊
“တွေ့ဘဲတွေ့တယ် ဘာမှမလုပ်တက်ဘူးလေ၊ အသွားအလာနည်းနည်းရှောင်သွားရတယ်ပေါ့ အဲ့လို့တော့လုပ်ရတယ် ၊ အဲ့နေ့တွေ့တာက သုံး၊လေးလုံးလောက်ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ဒေသခံများသည် ၎င်း တို့စိုက်ပျိုးထားသည့် သီးနှံများကို ပြန်လည် ခူးယူရမည်ဖြစ်သောကြောင့် အိမ်ပြန်စဥ် ကြိုးနှင့်ထောင်ထားသည့်မိုင်းများ မပေါက်ကွဲသေးသည့်မိုင်းများတွေ့ရှိခဲ့ကြောင်း သိရသည်။
“တချို့ကအလုပ်တွေရှိလို့ ပဲစီငုံတွေခူးရမှာရှိလို့ပြန်ကြတယ်ပေါ့ ၊ တောထဲကနေရှောင်ပြီး သွားကြတယ်ပေါ့၊ အလုပ်မရှိတဲ့သူက အိမ်မပြန်ကြဘူး ၊အလုပ်ရှိတဲ့သူက အိမ်ပြန်လုပ်တယ်အန္တရယ်ရှိပေမဲ့လည်း အလုပ်ရှိတော့ ပြေးလည်းပြေးတယ် လုပ်လည်းလုပ်တယ်အဲ့လို့ပေါ့”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။
အသွားအလာအခက်အခဲများကြောင့် နေရပ်ပြန်သူများ နည်းပါးကြောင်းနှင့် ထီဆုံ တောင်ဘက်ခြမ်းရှိ ကျေးရွာများ၌ လက်နက်ကြီးသံများလည်း ကြားနေရခြင်းကြောင့် နေရပ်ပြန်သူနည်းပါးရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
PPV0013
ဗွီဒီယို- Crd
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#တောင်ရှေ့ကျေးရွာအုပ်စု
#ထီဆုံကျေးရွာ
#ရွာသားအချို့အလုပ်ကိစ္စဖြင့်အိမ်ပြန်ချိန်
#လမ်း၌ဗုံးများတွေ့ရှိ