ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊ ၂၀၂၅
ဖယ်ခုံမြို့အနောက်ဖက်ခြမ်း ရှိကျေးရွာများတွင် ရေစတင်ရှားပါးလာနေကြောင်းဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံအနောက်ဖက်ခြမ်းရှိကျေးရွာများတွင် မိုးရာသီအတွင်းသိုလှောင်ထားသောရေများ ကုန်သွား၍ ရေများဝယ်ယူသုံးစွဲနေရသည်။
” မိုးရာသီကတည်းလှောင်ထားတဲ့ရေတွေကုန်နေပြီပေါ့လေ၊ အရင်လလောက်ကတည်းကုန်နေတာ၊ အခုတော့ဝယ်သုံးနေရတယ်ပေါ့လေ၊ ၁၀၀၀ လီတာ ကို တစ်သောင်းခွဲကနေ နှစ်သောင်းပေးဝယ်ရပါတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
နွေရောက်လျှင် ရေပိုရှားလာသောကြောင့် ရေစျေးများပိုမိုမြင့် တက်လာလေ့ရှိပြီးရေဝယ်မရသည့်အခြေအနေများ ဖြစ်လာနိုင်ကြောင်းသိရသည်။
” အခုလောလောဆယ်က ရွာက မိုးတွင်းလှောင်ထားတဲ့ ရေကန်ကြီး မှာတော့ ရေနည်းနည်းကျန်သေးတယ်၊ နောက်လ လောက်ဆို အဲ့ကန်လည်းရေခန်းပြီ၊ အဲ့ချိန်ဆို ရေတွေစျေးပိုကြီးလာတယ်၊တစ်ခါတစ်လေဝယ်မရတဲ့ အခြေအနေတောင်ရှိတယ်” ဟု ၎င်း ကဆက်ပြောသည်။
အဆိုပါဖယ်ခုံအနောက်ဖက်ခြမ်းရှိကျေးရွာများ နှင့် စစ်ရှောင်စခန်းများတွင် နွေကာလအတွင်း နှစ်စဥ်ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရပြီး၊ သန့်ရှင်းသောရေလုံလောက်စွာမရရှိသောကြောင့် ဖျားနာမှုများ မကြာခဏကြုံတွေနေရသည်။
photo ပေးပို့
#PPV 003
#ဖယ်ခုံ