ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊ ၂၀၂၅

ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာအချို့ကို တစ်နှစ်အတွင်း စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း (၁၇၆) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်ရေး အဖွဲ့ ထံမှသိရသည်။

ရှမ်းပြည်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများ ကို ၂၀၂၄ တစ်နှစ်အတွင်း စစ်ကောင်စီကလေရြောင်းဖြင့်လည်းကောင်း၊ လက်နက်ကြီး ဖြင့်လည်းကောင်း၊ ဒရုန်းဗုံးဖြင့်သော်လည်းကောင်း ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် နေအိမ်များ၊ဘုန်းကြီး ကျောင်းများ၊ ခရစ်ယာန် ဘုရားကျောင်းနှင့် စာသင်ကျောင်း များ ကို ပျက်စီးခဲ့ကြောင်းကို အင်းလေးဒေသလူ့အခွင့်ရေး ၏အချက်အလက်အရသိရသည်။

ဘာသာရေးကျောင်းကိုပါဦးတည်တိုက်ခိုက်လာ၍ ဘာသာရေးကျောင်း၌ ခိုလှုံနေသည့်စစ်ဘေးရှောင်ပြည်သူများပိုမိုထိခိုက် ခက်ခဲလာသည်။

“ဘုန်းကြီးကျောင်းမှာနေတဲ့ စစ်ရှောင်တွေ ကပဲ ခက်ခဲမှာပါ၊ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရင်း လက်နက်ကြီးကျရင် သူတို့အတွက် ပြောင်းရွှေ့ရတာ ခက်ခက်ခဲခဲ ဖြစ်ရတယ်”ဟု အင်းလေးဒေသလူ့အခွင့်ရေး၏ တာဝန်ခံ တစ်ဦးကပြောသည်။

လေကြောင်းတိုက်ခိုက်ရာတွင် စစ်ကောင်စီအပြင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် လည်းပါဝင်ကြောင်းနှင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာ သိမ်းပြီးနောက် လူသားမဆန်သည့် လုပ်ရပ်များ ၊ မကောင်းသည့်လုပ်ရပ်များ ကို အရပ်သားပြည်သူတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ နေရာအနှံ့မှာ လုပ်ဆောင်နေကြောင်းသိရပါသည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၁၇ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဘုရားတောင်ရှိ စစ်ရှောင်စခန်းသို့လက်နက်ကြီးပစ်ခတ်၍ စစ်ရှောင် ပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၁၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

#ppv013
#Humanright
#လက်နက်ကြီး
#အင်းလေး

You missed