ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊ ၂၀၂၅

နောင်ချိုမြို့တွင် စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၈ ဦးသေဆုံးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ရှမ်းမြောက်၊ နောင်ချိုမြို့နယ် ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီး၌ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် (၁၁း၂၄)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၅)ဦး သေဆုံးပြီး(၁)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး နှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ဒေသခံပြည်သူများကို PSLF/TNLA မီးသတ်ဌာန၊ ရဲဌာနနှင့် ပြည်သူများမှ ဝိုင်း၀န် ဆေးကုသမှုနှင့် ကယ်ဆယ်ရေးပြုလုပ်ခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနှင့် ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

#PPV 003
#Humanright
#နောင်ချို
#TNLA